💕 " With " - 4

1K 63 8
                                    

✍️ Unicode

အချစ်စိတ်ဆိုတာ ဘယ်လိုအရာနဲ့မှတားဆီးထားနိုင်တာမျိုးမဟုတ်ဘူး။

ကိုယ်ချစ်တဲ့သူသိအောင်ထုတ်ပြောကြတဲ့သူရယ် ဘယ်သူမှမသိအောင်တစ်သက်လုံးမျိုသိပ်ထားတဲ့သူရယ်လို့ နှစ်မျိုးကွဲသွားကြပေမဲ့ ချစ်မိတဲ့အချစ်စိတ်ကတော့အတူတူပါပဲ။

တွေးကြည့်ရင်တော့ ဖွင့်ပြောလိုက်သူထက် မျိုသိပ်ထားသူကပိုခံစားရမယ်လို့ထင်စရာရှိပေမဲ့ တကယ်တမ်းတော့ဘယ်လောက်ချစ်ခဲ့သလဲဆိုတာကပိုပြီးအခရာကျပါလိမ့်မယ်။တကယ်ကိုရင်နင့်အောင်ချစ်ခဲ့ကြသူတွေကသာ ပိုပြီးခံစားခဲ့ကြရတယ်ဆိုတာ ပြောစရာမလို‌တော့အောင် သိပြီးသားဖြစ်ကြမှာပါ။

တစ်ခုတော့ရှိတယ် အသည်းနုသူတွေကတော့ ဟန်မဆောင်နိုင်အောင် ခံစားလွယ်တတ်ကြပြီး အသည်းမာသူတွေကတော့သူတို့ရဲ့ခံစားချက်ကိုအခြားသူတွေမသိမမြင်ရအောင် ပိုဟန်ဆောင်ထားနိုင်တတ်ကြတယ်။

ဒါပေမဲ့ တကယ်ချစ်ခဲ့မိသူတိုင်းကတော့ တကယ်ခံစားခဲ့ကြရတာချည်းပါပဲလေ။

~~~~~~~~~~~~~~~~  " With "

ထုံစံအတိုင်းဒီနေ့လည်းကာယအချိန်မှာသန့်ရှင်းရေးလုပ်ခဲ့ကြရတာဖြစ်သည်။အဖြူအစိမ်းဝတ်ထားတဲ့ကျောင်းသူကျောင်းသားတွေပြည့်နေတဲ့ ကျောင်းဝင်းကြီးတစ်ခုလုံးက ရုတ်တရက်ကြည့်လိုက်ရင် စံပါယ်ပန်းခက်တွေနေရာအနှံ့ဖြန့်ကျဲချထားသလို။

သေးသေးသွယ်သွယ်ခန္ဓာကိုယ်နဲ့ထည်ကလေးကိုပင်ပင်ပန်းပန်းမလုပ်စေချင်တာကြောင့် သူကမြက်ပင်တွေကိုပေါက်ပြားနဲ့ပေါက်ပြီး ထည်ကလေးကတော့ သူပေါက်ထားတဲ့အမှိုက်တွေကိုတောင်းတစ်လုံးနဲ့လိုက်ကောက်နေခဲ့ပါသည်။

" ကိုခန့်ရေနင်နားဦးလေ… ငါတို့အမှိုက်ကောက်ဦးမယ်… "

" ကောက်မှာဆိုလည်းကောက်ကြလေ… နင်တို့က လေပဲများမနေကြနဲ့… "

ဘာမလုပ်ဘဲထည်ကလေးအနားမှာဝိုင်းထိုင်နေကြတဲ့ ခင်မိုးရီတို့အုပ်စုကို ထဟောက်ပစ်လိုက်သည်။

" အလကား မိန်းမဏှာပူးတွေ… အားရင် ထည်ကလေးအနားတကပ်ကပ်နဲ့… "

💕 " Without ........ "Where stories live. Discover now