အခန်း - ၇

102K 7.7K 1.1K
                                    

Unicode//

အတိတ်သို့တူးဆွခြင်း ၄

ဇူလိုင်လဖြစ်၍ မိုးကအချိန်မှန်ရွာသွန်းသည်။ လက်ရှိ ကောင်းကင်တစ်ခွင်လုံးသည် ညို့မှိုင်းအုံ့ဆိုင်းနေ၏။ ဘေဘေး၏ စိတ်အစဉ်သည်လည်း အလားတူပင်။

ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်တွင်သာလွယ်ပြီး ပျင်းရိပျင်းတွဲလမ်းလျှောက်နေမိသည်။ စိတ်အစဉ်သည်လည်းပျံ့လွင့်စွာ။

သူငြိမ်နေသည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်သည်။ ငြိမ်နေသည်ဆိုသည်မှာ တစ်ခြားမဟုတ်။ Kingကို ကလူ၏၊မြှူ၏မလုပ်ခြင်းကိုဆိုလိုသည်။ Kingနားကို မသွားဖြစ်၊ ကံ့ကော်သင်းနံ့လေးကို အနီးကပ်မရှူရှိုက်ဖြစ်သည်မှာ တစ်ပတ်ခန့်ပင်ရှိလောက်ပြီ။ Kingနားမသွားဖြစ်သည်မို့ ခေးဆက်နှင့်လည်းသိပ်စကားမပြောဖြစ်။ ရှောင်နေသည်ဆို ပို၍ မှန်မည်။

လျှောက်လာရင်း အတန်းနားရောက်တော့ အတန်းရှေ့တွင် စုပြုံတိုးနေကြသော အတန်းသားများကိုတွေ့လိုက်ရသည်။

ထိုအခါမှ လပတ်စာမေးပွဲ Resultဒီနေ့ထွက်မည်ကိုသတိရ၏။ သိပ်တော့ရင်ခုန်စရာမရှိ။ တိုးကြည့်နေသူများကိုစိတ်ပျက်လက်ပျက်ကြည့်ကာ အတန်းထဲဝင်လိုက်သည်။ သူမတိုးလည်း ထူးမြတ်က သူ့အတွက်ကြည့်ပေးပြီး တစ်ခန်းလုံး ဘယ်သူဘယ်လောက်ဘာညာနှင့် နားနှင့်မဆံ့အောင် လာပြောမည်မှာအသေအချာ။ သူဘာမှအားစိုက်နေစရာမလိုပေ။

နေရာလွတ်တစ်ခုဆီသို့ တစ်ချက်ကြည့်ပြီးမှ ကိုယ့်နေရာတွင်ဝင်ထိုင်ပြီး မှောက်အိပ်လိုက်သည်။ ၅မိနစ်လောက်အကြာမှာတော့...

"လဒ...မင်း အဆင့် ၁၀....Engက 92၊ Bioက 97...ကျန်တာကအကုန် ၇၀ကျော်တွေပဲ"

ပြောပါတယ်....မေးစရာမလိုအောင် အချိန်နဲ့တစ်ပြေးညီ ကြေညာတဲ့တစ်မူထူးမြတ်ရှိရင် သူဘာမှအားထုတ်နေစရာမလိုပါဘူးလို့...

တစ်ခုခုကိုပြန်မေးလိုက်ချင်သော်ငြား စိတ်မကြည်၍ မမေးဖြစ်။ ထို့ကြောင့် ပြန်ပြောလိုက်မိသည်က...

"အင်း အင်း....ငါအိပ်ချင်နေလို့"

ဟုတ်သည်။ ဒီလိုကျောင်းမှာ အဆင့် ၁၀ရသည်ဆိုတာက တော်ရုံမှမဟုတ်ဘဲ။ သူ့အနေနှင့် အဆင့်တွေဘာတွေခေါင်းထဲမရှိ။ စိတ်လည်းမဝင်စားပါ။ ဒီလောက်ရတာပဲ တော်လောက်ပြီ။

တည်Donde viven las historias. Descúbrelo ahora