အခန်း - ၄၉

118K 6.7K 731
                                    

Unicode//

"ကျွန်တော်သဘောမတူဘူး"

"....."

"ကျွန်တော်နဲ့ကိုကိုက အကုန်တူမှာသေချာတာမလို့ ခင်ဗျားတို့တွေ အလုပ်ရှုပ်ခံပြီးဆေးစစ်စရာမလိုဘူး"

အခြေအနေကိုကြည့်နေရသူများအားလုံး ငိုရခက်၊ရယ်ရခက်ဖြစ်နေကြသော်ငြား တားဆီးနေသူ၏မျက်နှာထားကတော့ သူအမှန်တကယ်မလိုလားကြောင်း တည်တံ့စွာဖြင့်ပြသနေသည်။

ဒါက ဘယ်လိုတောင်ကလေးဆန်တာလဲ...

ဘေဘေးသည်ပင် ဤအခြေအနေအား ဘာပြောရမှန်းမသိ။

လက်ရှိတွင် သူတို့ရောက်နေကြသည်က ဆေးစစ်ရမည့်နေရာတွင်ဖြစ်သည်။ သူအပါအဝင် ခေးဆက်၊သင့်ကြည်နူးနှင့် သူတို့အားမကျေမနပ်ဖြစ်နေသော ဝီလျံ။

မနေ့က အစားထိုးခွဲစိတ်မှုအကြောင်းသိလိုက်ကြရသည့်အချိန်၌ သူတို့အားလုံးလည်း လှူ၍ရလျှင်လှူဖို့ဆုံးဖြတ်လိုက်ကြ၏။ စစ်ကြည့်လိုက်ကြတော့ အာဏာ့သွေးအုပ်စုနှင့်တူသည်က သူ၊ခေးဆက်နှင့် ကြည်နူးတို့သာ။ ဝီလျံကတော့ အစကတည်းကတူပြီးသားဖြစ်သည်မို့ထည့်မတွက်။ ထို့ပြင် သူတို့ ထိုကဲ့သို့လုပ်နေကြသည်များအားလည်း ဝီလျံမသိပါ။

ယနေ့မနက် ဆေးရုံတွင်ဆုံကြတော့မှအသိပေးလိုက်တော့ ခါးခါးသီးသီးငြင်းဆိုနေသူကြောင့် သူတို့လည်းကြောင်နေမိကြသည်။ အကယ်၍ ဝီလျံနှင့်သာ Tissueမကိုက်ညီပါလျှင် သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် လှူခွင့်မရပါလျှင် အချိန်မပုပ်စေရန် စဉ်းစားခဲ့ကြခြင်းဖြစ်သော်ငြား ဝီလျံကတော့ခေါင်းမာနေဆဲ။

ဘေဘေး သက်ပြင်းကိုသာခပ်ဖွဖွချမိ၏။

အာဏာ ကလေးလို့မြင်တာလည်းမမှားဘူး...

ထိုစဉ်အနားသို့ရောက်လာသောလူရိပ်နှင့် ကံ့ကော်သင်းနံ့ကြောင့် အလိုလိုပြုံးလိုက်မိရင်း လှည့်ကြည့်လိုက်မိသည်။

Duty coatအဖြူနှင့်ချစ်ရသူကိုမြင်လိုက်ရရုံနှင့် ရင်ထဲအေးခနဲ။

ပတ်ဝန်းကျင်မှအကြည့်တစ်ချို့ကျရောက်လာသော်ငြား သူကတော့ဂရုမစိုက်။ နံဘေးရှိခုံအလွတ်ကိုပုတ်ပြလိုက်ရင်း...

တည်Where stories live. Discover now