အခန်း - ၃၄

136K 7.8K 3K
                                    

Unicode //

အချိန်အားဖြင့် ပြင်ပတွင်နေ့အလင်းရောင်သည်ထင်ထင်ရှားရှားရှိနေဆဲဖြစ်သည်။

အိပ်ဆောင်အတွင်း အိပ်ပျော်နေကြသည့်အမျိုးသားနှစ်ဦးအနက်မှ မျက်ဝန်းလှလှပိုင်ရှင်၏ မျက်လွှာတို့သည်ပွင့်လာ၏။ တည်ငြိမ်လွန်းသည့်မျက်ဝန်းအိမ်တို့သည် အနည်းငယ်လှုပ်ရှားလာပြီးနောက် နံဘေးဆီသို့အသာငဲ့ကြည့်လိုက်သည်။ ထို့နောက်တွင် သိသိသာသာကော့တက်သွားသည့် နှုတ်ခမ်းထောင့်စွန်းတို့နှင့်အတူ တစ်ပြိုင်နက်တည်းမှာပင် ဘေးသို့အသာအယာစောင်းလိုက်သည့်ကိုယ်နေဟန်။

အမူအရာနှင့်လှုပ်ရှားမှုတို့သည်သိမ်မွေ့ညင်သာလွန်းသည်မို့ အိပ်နေသည့်အမျိုးသားလေးအတွက် မည်သည့်အနှောင့်အယှက်မှ ဖြစ်မသွားပေ။

နှစ်ဦးသားသည် ပူးကပ်ဖက်တွယ်ပြီးအိပ်နေခဲ့ကြခြင်းမဟုတ်။ သို့သော် လက်တစ်စုံကတော့ ခိုင်မြဲစွာယှက်သွယ်ထားခဲ့ကြသည်။

ကိုယ်နေဟန်ပြောင်းလိုက်သူသည်လည်း ထိုလက်အစုံအား ထိုအခါမှပင်သတိပြုမိလိုက်ပုံရပြီးနောက် မျက်ဝန်းတို့သည် ပြုံးရိပ်သန်းကာမှေးစင်းသွားကြတော့၏။ ထို့အတူပင် နှုတ်ခမ်းထောင့်စွန်းတို့မှာလည်း ကော့ညွတ်နေကြဆဲ။

နံဘေးရှိအမျိုးသားလေးသည် သူ့ဘက်သို့စောင်းကာအိပ်နေသည်မို့ သူကိုယ်နေဟန်ပြောင်းလိုက်သည့်အချိန်တွင် နှစ်ဦးသားသည် မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားတော့သည်။

'မင်းအိပ်ဖို့လိုတယ် အိပ်ကိုအိပ်ရမယ်'ဟူ၍တတွတ်တွတ်ပြောပြီးနောက် သူကအရင်အိပ်ပျော်သွားသူ။ ထို့နောက် သူလည်းထိုလူသားလေးကိုငေးရင်းအိပ်ပျော်သွားခဲ့သည်။ တစ်ဖန် သူနိုးလာသည့်တိုင် အနှီလူသားလေးသည် အိပ်စက်နေဆဲပင်။

ခုထိ အအိပ်မက်နေတုန်းပဲ...

ယှက်သွယ်ထားသည့်လက်အစုံသည် ပို၍တင်းကြပ်သွားရ၏။ အိပ်စက်နေသူကတော့ မလှုပ်မယှက်အိပ်စက်နေဆဲပင်။ ထိုလူသားလေးအားကြည့်နေရင်း လစ်လပ်နေသည့်လက်တစ်ဖက်သည် မြောက်တက်သွားပြီးနောက် လက်ချောင်းသွယ်တို့သည် နို့နှစ်ရောင်မျက်နှာလေး၏နဖူးထက်ဝေ့ဝဲကျနေသည့် လှိုင်းတွန့်ဆံပင်စလေးတို့အား ညင်သာစွာသပ်တင်ပေးသည်။

တည်Where stories live. Discover now