အခန်း - ၂

164K 9.2K 1.6K
                                    

Unicode //

၃လကြာပြီးနောက်....

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း၌  သွားလာနေကြသော ခရီးသည်များ၊ အချင်းချင်းနှုတ်ဆက်နေကြသောမိသားစုများ၊ ငိုယိုနေကြသော ကလေးငယ်တချို့နှင့် ရှုပ်ယှက်ခတ်နေသည်။

ထိုမြင်ကွင်းတို့ကို အကြာကြီးမကြည့်ချင်တာကြောင့် ခြေလှမ်းတို့အား Toiletဘက်သို့ဦးတည်လိုက်သည်။ Public area တော်တော်များများတွင် Toiletဝင်ပေါက်၏ တစ်ဖက်တစ်ချက်စီ၌ ခုံတန်းရှည်များရှိတတ်၏။

ညာဘက်ရှိ ခုံတန်းရှည်အလွတ်ကိုမြင်လိုက်တော့ သူဝမ်းသာအားရဖြင့်သွားထိုင်လိုက်ပြီး နာရီကိုတစ်ချက်ကြည့်လိုက်မိသည်။

...ဂိမ်းတစ်ပွဲစာရသေးတာပဲ...

ဖုန်းကိုထုတ်ကာ ဂိမ်းထဲဝင်လိုက်သည်။ သူဒီကိုလာသည့်အကြောင်းအရင်းက သူငယ်ချင်းတစ်ယောက်ကိုလာကြိုခြင်းဖြစ်သည်။ ဒီမှာလာထိုင်နေရခြင်းအကြောင်းကတော့ ရှာရလွယ်အောင်ပင်။

သူများတွေကြိုသည့်နေရာမှာသွားကြိုလျှင် အချင်းချင်းမတွေ့တာတွေ၊ရှာနေရတာတွေရှိနေဦးမည်။ သို့ပေမဲ့ Toiletကတော့ မှားစရာအကြောင်းမရှိ။ သူဒီနေရာမှာ စောင့်နေမည့်အကြောင်းကိုလည်းပြောပြီးသားပင်။ အခုတော့ အချိန်ကလိုသေးသည်။ ဂိမ်းဆော့ရင်းစောင့်နေလိုက်မည်။

A few minutes later...

သူကဂိမ်းဆော့လျှင် ပတ်ဝန်းကျင်ကိုအာရုံသိပ်မရှိသည်မို့…

"ဟဲ့ ငါအနားရောက်လာတာတောင်မသိဘူးလား"

အသံနှင့်အတူ ရုတ်တရက်ပုခုံးပေါ်သို့ ဖြန်းခနဲရောက်လာသော လက်တစ်ဖက်။

"မသိလိုက်ဘူး...ဘေးမှာငြိမ်ငြိမ်ထိုင်နေဦး ငါဂိမ်းဆော့နေလို့"

"ဒီ...တော်ပြီ...မဆဲဘူး...ငါမဆဲသေးဘူး...အား....အခုမှငါ့ခြေချောင်းလေးတွေလွတ်လပ်သွားတော့တယ်"

"ဘာလဲ နင်ဖိနပ်ပေါက်နေပြန်ပြီလား"

"အေး ပဲများပြီးအသစ်ဝတ်လာမိတာ... မနည်းထိန်းလျှောက်လာရတယ်... လာကြိုတဲ့သူကလည်းကောင်းလွန်းတော့ ငါ့မှာဒီထိရောက်အောင်မနည်းအားတင်းလာရတာပေါ့ဟယ်"

တည်Where stories live. Discover now