အခန်း - ၂၂

138K 8K 1.8K
                                    

Unicode//

အချိန်အားဖြင့် ည၉နာရီ။

ခေးဆက်တစ်ယောက် ကုတင်ထက်တွင်ထိုင်ကာ Luggageထဲမှ အဝတ်အစားများနှင့် ပစ္စည်းများကိုအုပ်စုခွဲပြီး နေရာတကျပြန်ထားဖို့ပြင်လိုက်သည်။ ခရီးမှပြန်လာကာစမို့ လူကနုံးနေသော်လည်း မလုပ်၍မဖြစ်သည်မို့ ရေမချိုးခင် တစ်ခါတည်းလုပ်လိုက်၏။

အားလုံးပြီးစီးသွား၍ Luggageကို သိမ်းဖို့ပြင်လိုက်စဉ်...

Ringing...

စားပွဲထက်ရှိဖုန်းက မြည်လာသည်မို့ယူကာကြည့်လိုက်ပြီးနောက် ပြုံးကာကိုင်လိုက်မိသည်။

"Hello အစ်ကို..."

"...."

"ဟုတ် ကျွန်တော်ဒီမှာပစ္စည်းတွေသိမ်းနေလို့"

"...."

တစ်ဖက်မှပြောလာသည့်စကားကြောင့် ခေးဆက်ရယ်လိုက်မိပြီး...

"ဟီး အစ်ကိုကလည်း...စာမြင်ရင် တကယ်ပြန်တယ်...လုံးဝမမြင်လို့ပါ"

"...."

"အစ်ကိုပဲရှိတာ...ဘယ်သူမှမရှိဘူး"

"...."

နောက်ဆုံးတွင် တစ်ဖက်မှရစ်နေသူကြောင့်...

"မရစ်နဲ့တော့ အစ်ကိုရာ...ကျွန်တော်ရေချိုးဦးမယ်...ချိုးပြီးမှ ဖုန်းပြန်ဆက်လိုက်မယ်... ခရီးကပြန်ရောက်ရောက်ချင်း အစ်ကိုတော့ဘယ်လိုနေလဲမသိဘူး...ကျွန်တော့်မှာတော့ ကပ်စေးစေးဖြစ်နေသလိုခံစားရတယ်...ဒါပဲနော်...ပြီးမှပြန်ဆက်လိုက်မယ်"

ထိုသို့ပြောလိုက်တော့မှ တစ်ဖက်က ဖုန်းမချချင်ချချင်ဖြင့် ချသွားတော့သည်။ အစ်ကိုက ထိုကဲ့သို့ ကလေးဆန်တတ်ပါသေးသည်။ အစက ၁၀လပြည့်တွင် ခရီးသွားကြဖို့ တိုင်ပင်ထားခဲ့ကြသော်လည်း သူခွင့်မရ၍ မထွက်ဖြစ်ခဲ့။ တစ်ပတ်ခွင့်မို့ ကြိုပြီးတင်လျှင်တောင် ရက်တော့စောင့်ရသည်သာ။

နောက်ဆုံးတွင်တော့ ခွင့်ရခဲ့သည်မို့ တစ်ပတ်လုံး နှစ်ယောက်အတူခရီးထွက်ဖြစ်ခဲ့ကြသည်။ သူခွင့်ရသည်ဟုပြောလိုက်သည်နှင့် အစ်ကိုက သူ့ဆေးခန်းကို သူ့သူငယ်ချင်းနှင့်ချက်ချင်းလွှဲပေးခဲ့ကာ နောက်နေ့မနက်အစောပိုင်း ဘန်ကောက်သို့သွားမည့် Flightအား ချက်ချင်း Bookingတင်ခဲ့၏။ ထိုနေ့ညနေမှာပင် သူ့Condoထိလာပြီး လိုအပ်သမျှကိုထုပ်ပိုးပေးကာ သူ့အိမ်သို့ လူရော၊ Luggageပါ တစ်ခါတည်းခေါ်သွားခဲ့သည်။

တည်Where stories live. Discover now