Unicode//
အတိတ်သို့တူးဆွခြင်း ၁၃
2 months later...
"အငှားကိုယ်ဝန်ဆောင်တွေကမရှားပေမယ့် သားလိုချင်တဲ့အချက်တွေကများတော့ ရဖို့ခက်တယ်....ဆရာတို့ဘက်ကလည်းကြေညာချက်ထုတ်ထားပေမယ့် လာဆက်သွယ်သူတွေတော့မရှိသေးဘူး...မဖြစ်မနေလိုချင်ရင်တော့ အချို့အချက်လေးတွေလျှော့ချလိုက်မှအဆင်ပြေလိမ့်မယ်"
ဆရာဝန်ကြီး၏ပြောစကားကို ဘေဘေးငြိမ်သက်စွာနားထောင်နေမိသည်။ သူယခုရောက်ရှိနေသည်က ဘန်ကောက်ဆေးရုံကြီးတစ်ခုထဲတွင်ဖြစ်၏။ သူဒီနေရာသို့လာသည်မှာ ဒီလတွေအတွင်း ၃ခေါက်ရှိပြီဖြစ်သည်။
အကြောင်းကတော့ အငှားကိုယ်ဝန်ဆောင်လာရှာခြင်း။ ဘန်ကောက်တွင် အငှားကိုယ်ဝန်ဆောင်မရှားသော်လည်း သူ့အနေနှင့် မြင့်မြတ်သောသွေးသားကိုမွေးထုတ်ရာတွင် လက်လွတ်စပယ်မလုပ်နိုင်။ ထို့ကြောင့် အငှားကိုယ်ဝန်ဆောင်သည် အပျိုစင်ဖြစ်ရမည်ဟူသည့်အချက်ကိုထည့်သွင်းခဲ့ပါသည်။ သူအတင်းလုပ်ခိုင်းခြင်းမဟုတ်သည့်အတွက် ထိုအပျိုစင်ကိုယ်တိုင်ကလက်ခံနိုင်မှဖြစ်မည်မို့ မတရားရာကျသည်ဟုလည်းမမြင်မိပါ။ အရာအားလုံးကို အပေးအယူသဘောဟုပင် သဘောထားပါ၏။
ထို့အပြင် ထိုအမျိုးသမီး၏မျိုးရိုးသည်ပြစ်မှုကင်းရမည်။ နှုတ်မှုရေးရာ၊ကိုယ်မှုရေးရာမယုတ်ညံ့ရ။ ဉာဏ်ကောင်းရမည်။ ရောဂါဘယကင်းရှင်းရမည်၊ Plastic surgeryလုပ်ထားသူမဖြစ်ရ စသော အချက်အလက်များပင်ပါသေး၏။ သာမာန်လူ၏သွေးသားကို လွယ်ဆောင်ပေးရမည်မှမဟုတ်ဘဲ။ သူဒီလောက်တော့ထည့်သင့်သည်ဟုထင်သည်။
ကလေးတစ်ယောက်၏ Geneကောင်းဖို့က ထိုကလေး၏ မိဘများနှင့်သက်ဆိုင်သည်မဟုတ်ပါလား။ ဖခင်ဘက်ကအရာအားလုံးကို သူအာမခံနိုင်သော်ငြား မိခင်ဘက်ကိုတော့ သူသေချာအောင်လုပ်ပေးရမည်လေ။ သူက ငွေကြေးဖြင့်သာပံ့ပိုးပေးနိုင်သည်မို့ ထိုကလေး၏ရုပ်ရည်၊ ဗီဇနှင့်ဆိုင်သည့်အရာများကိုတော့ အနည်းငယ်မျှ မနိမ့်ကျအောင် အတတ်နိုင်ဆုံးတော့ကြိုးစားချင်ပါ၏။
"ကျွန်တော့်စိတ်ကြိုက်မရမချင်း မလုပ်နိုင်ပါဘူး...ရအောင်လည်း ကျွန်တော်ရှာမှာပါ... ငွေရေးကြေးရေးကကိစ္စမရှိတာမလို့ ကျွန်တော်ရှာနိုင်မှာပါ"
YOU ARE READING
တည်