အခန်း - ၁၅

110K 7.2K 495
                                    

Unicode//

အတိတ်သို့တူးဆွခြင်း ၁၂

ဘေဘေးလုပ်စရာမရှိ၍ အိပ်ရာထက်လူးလှိမ့်ကာ ဖုန်းစခရင်ထက်ကNfကို ဟိုပွတ်ဒီဆွဲလုပ်နေလိုက်သည်။ နက်ဖြန် လုပ်နေကျ Presentationမရှိသည်မို့ ပုံမှန်ထက်အားယားနေပါ၏။

တောင်!

သတိပေးသံနှင့်အတူ Chat headလေးထွက်လာသည်မို့ကြည့်လိုက်တော့ ပေါ်တော်မူ Power Ranger။ ၁၀ပြီးကာစဆိုတော့ ဘာတက်ရမလဲရွေးရင်းချယ်ရင်းအလုပ်ရှုပ်နေရှာမှာပေါ့လေဟုဖြေတွေးပေးလိုက်သည်။ သူတို့ ၂ယောက် စကားမပြောဖြစ်သည်မှာ ၁လခွဲနီးပါးပင်ရှိပြီဖြစ်၏။ Chat headလေးကိုဖွင့်ကြည့်လိုက်တော့...

‘ငါမနေ့ညကမှ မြန်မာပြည်ကပြန်ရောက်တာ အစကတော့ မင်းကိုအပူလာမပေးမလို့ပဲ ဒါပေမဲ့ကွာ ငါအခုအရမ်းပူလောင်နေတယ် ငါတကယ်ကြီးခံစားနေရတာ’

ဘေဘေးထိုစာကိုဖတ်ပြီး တစ်ဖက်လူအမှန်တကယ်ခံစားနေရမှန်းသိလိုက်သည်။ အပြင်မှာမရင်းနှီးကြသော်ငြား အမြဲရင်ဖွင့်တတ်ကြသူတွေမို့ ရင်ဘတ်ချင်းနီးနေကြသူများပင်။ ဒီကောင့်လိုလူက တော်ရုံဆိုဒီလောက်လောင်ကျွမ်းတတ်သူမဟုတ်။ နောက်ပြီး မြန်မာပြည်ထိရောက်လာပြီးမှ အဆင်မပြေတာဆိုတော့ အခြေအနေကသိပ်ကောင်းပုံမပေါ်။

‘မင်းကိုကိုနဲ့မတွေ့ခဲ့ရဘူးလား’

မေးလိုက်တော့...

‘တွေ့ခဲ့ရတယ်...ဒီလိုကွာ ငါ့မာမီကိုငါအတင်းမေးတော့ မာမီကငါ့ကိုဘာလို့လဲမေးတယ်... ငါလည်းရွှီးရတာပေါ့...နောက်တော့ပြောပြတယ်...အဲ့ဒါနဲ့ ငါခိုးထွက်ဖို့သေချာပြင်ဆင်တယ်ကွာ... တစ်ပတ်ကြာတော့ ငါထွက်လာလိုက်တယ်...ဟိုရောက်တော့ ငါ့မာမီကငါ့ထက်ဦးနေတယ်...ငါတောင် Sim cardလဲထည့်ပြီး ကိုကို့ကိုမဆက်သွယ်လိုက်ရဘူး...ကိုကိုကဆီးပြီးငါ့ကိုစောင့်နေတာ’

‘အင်း’

‘အဲ့ထိအကောင်းပဲ...ကိုကိုကငါ့ကိုဆူလည်းမဆူဘူး...ဘာမှလည်းမပြောဘူး...ဒီတိုင်းခေါ်သွားတယ်...ပြီးတော့ကွာ သေချာဧည့်ဝတ်ကျေပေးတယ်...နေရာစုံလည်းလိုက်ပို့ပေးတယ်ကွာ...ဒါပေမဲ့ ၂ရက်ပဲ...နောက်နေ့ကျ ကိုကိုကကျောင်းတက်ရတော့ ငါတစ်ယောက်တည်းကျန်ခဲ့ရတယ်...ညနေရောက်တော့ ငါကိုကို့ကို ထပ်ဖွင့်ပြောဖြစ်တယ်’

တည်Where stories live. Discover now