မင်းကိုမှ.....ငါချစ်သည်👻(Ep..1)🍂
အရေးအသားက မကောင်းတော့ နဲနဲတော့ သည်းခံပီးဖတ်ပေးပါနော်🙆👻
ဒါဆို စလိုက်ကြတော့မလား ☺ဧည့်ခန်းတွင် နာရီကြည့်လိုက် အိမ်ပေါက်ဝကို လှမ်းကြည့်လိုက် ကားသံကြားရမလား နားစွင့်လိုက်နှင့်
ငြိမ်ငြိမ်မထိုင်ပဲ ယောက်ယက်ခတ်နေသည်က Jimin .အချိန်အားဖြင့် ညသန်းခေါင်ကျော်၍ မနက် 2နာရီ ခွဲနေပီ သူ့ ညီလေး တနည်းအားဖြင့် အဒေါ့် သားဖြစ်၍ တူတော်သည်. လရောင် တဲ့ (မြန်မာနာမည်လေးတွေပဲ သုံးလိုက်မယ်နော် ဒီ fic မှာတော့ Yoonmin ကလွဲလို့ပေါ့)
အထက်တန်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေအပြီး သူ့ဆီက ခွင့်မတောင်းပဲ သူငယ်ချင်းများနဲ့ လျှောက်လည်နေတဲ့ လရောင်
ပြီးတော့ သူ ဘယ်လိုမှ ခွင့်မပြုတဲ့ အရာ ကိုယ်တိုင်ကားမောင်းပြီး လျှောက်သွားနေတဲ့လေ
Jimin တော်တော် ဒေါသထွက်နေပီ သူ မကြိုက်တာ လုပ်တဲ့ လရောင် ကို သူ အိမ်ကနေ ကြိမ်းနေသည်.
Jimin လေးခွင့်မပြု ဘူးဆိုတာ သူ့မှာ အကြောင်းအရင်း ခိုင်ခိုင်လုံလုံ ရှိသည်.ဒါကို လရောင် လည်းသိတယ်.
ဒါကို စကား နားမထောင်ဘဲ လုပ်တဲ့ လရောင် 'အေး
မင်း ပြန်လာခဲ့စမ်း ငါ့နဲ့တွေ့မယ်'
စိတ်ထဲ ကြိမ်းမောင်းနေသည်.အရမ်းလဲ စိတ်မပူပါနဲ့ ငါတူရယ် ခုနက ဦးလေးဖုန်းဆက်တော့ လမ်းမှာရောက်နေပီလို့ ပြောပါတယ်..
(တစ်အိမ်လုံးကို အစစအရာရာ ဂရုစိုက်ပြီး အလုပ်သမားတွေကို အုပ်ချုပ်ပေးတဲ့ အိမ်တော်ထိန်းပါ jiminတို့အတွက်တော့ ဦးလေး ဆိုလဲ မမှားဘူးပေါ့...)
Jimin ~စိတ်ပူနေတာ မဟုတ်ဘူး ဦးငယ်ရေ..ကျွန်တော် ဒေါသထွက်နေတာ 😕
ဦးငယ် ~အရမ်းလဲ ဒေါသ မထွက်ပါနဲ့အုံး ငါ့တူရယ်
လရောင် လေး ပြန်ရောက်မှ အကျိူးအကြောင်းမေးပြီး ဆုံးမသင့် ဆုံးမပေါ့🤐
ပြောသာပြောရတယ် jimin လေး ဒေါသကို ဦးငယ် သိသည်.ငယ်ငယ်လေးထဲက ထိန်းကျောင်းလာပီး ကိုယ့်လက်ပေါ်မှာ ကြီးပြင်းလာတဲ့ ကလေး ဖြစ်လို့ သူ့စိတ်ကိုတော့
သူအသိဆုံးပင်.
DU LIEST GERADE
မင်းကိုမှ....ငါချစ်သည်🖇💜(Complete)🍂
Fanfictionအဂျီဆိုတဲ့အမည်နာမလေးကိုတွေးမိတဲ့အချိန်တိုင်း ကိုကို ရင်ခုန်နေတုန်းပါပဲ... အဂျီကရော...? 25.9.2021 🖇 3.12.2021(9:36PM)🖇💜 Yoonmin fic ♡ Own Creation🦋♡