မင်းကိုမှ....ငါချစ်သည်👻( Finale part..1)🍂
" ဟင်.......ဘယ်လိုကြီးလဲ ငါဘယ်လို ခံစားနေရတာလဲ စောင့်ကြည့်ခံနေရတဲ့အတိုင်းပဲ ငါစိတ်မလုံသလိုကြီး
ဘာလဲကွာ ဒီခံစားချက်ကြီးက "နှာခေါင်းဖျားမှ ထွက်လာတဲ့ လေမှုတ်ထုတ်သလို အထိအတွေ့ကြောင့် ကျွန်တော် မျက်လုံးဖွင့်ကြည့်မိတော့...
Jimin ~ ဟင်.....ကိုကို! !
ကျွန်တော့် မျက်နှာကို အုပ်မိုးပြီး ငုံ့ကြည့်နေတဲ့ ကိုကို.
အလန့်တကြား ကုန်းရုံးပြီးထမည်လုပ်တော့ ကျွန်တော့် ခန္ဓာကိုယ်လေး ကိုကိုချုပ်တာ ခံလိုက်ရသည်.
*အရမ်းနီးကပ်တာပဲ ကိုကို့ မျက်နှာက ကျွန်တော့်မျက်နှာ နဲ့ အရမ်းနီးကပ်လွန်းတယ်
ဘုရား...ဘုရား ရင်ခုန်သံဆိုသည်မှာလဲ ထိန်းချုပ်လို့ မရ.
အခုမှ engine ပေးလိုက်သည့်နှယ် နှလုံးသားထဲမှာ နေတဲ့ ပိုးကောင်လေးက တစ်ဟုန်ထိုး ပြေးလွှားနေသည်.
ဒါကို ကိုကို မသိပါစေနဲ့ ကိုကို မကြားပါစေနဲ့ လို့ပဲ ဆုတောင်းနေမိတယ်.Yoongi ~ အဂျီ..!!
Jimin ~ ဟင့်အင်း! !
*What..??!!ငါဘာပြောလိုက်တာလဲ သေစမ်း*Yoongi ~ အဟက်..ကိုကို့ အဂျီလေး ဘာတွေ စိတ်လှုပ်ရှားနေတာလဲ ဟင် ပြောပါအုံး
ခပ်ထေ့ထေ့အပြုံးလေးနဲ့ ပြောလာတဲ့ ကိုကိုက အေးအေးဆေးဆေးပင်.
ခဏတာ ငေးပြီး သတိပြန်ဝင်လာတော့...Jimin ~ ဟို.....ကို....ကိုကို..! ဘယ်လိုဖြစ်လို့ အခန်းထဲ ရောက်နေတာလဲ ဟမ်
Yoongi ~ ကိုယ့် ချစ်သူလေးက ကိုယ့်ကို စိတ်ကောက်နေတော့ ကိုယ်တိုင်လာချော့ရတာပေါ့ ဘယ်လိုလဲ စိတ်ကောက်ပြေပြီလား
မဟုတ်ဘူး စိတ်မကောက်နဲ့တော့နော်ပြောလဲပြော ရုတ်တရက် နဖူးကို လာနမ်းတာတဲ့ နူးနူးညံ့ညံ့လေး တကယ်ကို နူးညံ့ပီး နွေးထွေးတဲ့ အနမ်းလေး💛 ကျွန်တော် ကိုယ်တိုင်ကပင် မရုန်းမိ. လိုလိုလားလား လက်ခံမိသည်.
ဒါအချစ်ပဲလေ ကျွန်တော် လိုချင်တဲ့ ဒီအရာတွေ တခြား ဘယ်သူ့ဆီကမှ မဟုတ်ဘူး ကျွန်တော် ချစ်တဲ့ ထိုလူသားဆီကပဲ.
ငြိမ်ငြိမ်လေးဖြစ်နေပြီး မျက်လွှာချထားတဲ့ ကျွန်တော့် မေးလေးကို ကိုကိုက အသာလေးမကာ...
YOU ARE READING
မင်းကိုမှ....ငါချစ်သည်🖇💜(Complete)🍂
Fanfictionအဂျီဆိုတဲ့အမည်နာမလေးကိုတွေးမိတဲ့အချိန်တိုင်း ကိုကို ရင်ခုန်နေတုန်းပါပဲ... အဂျီကရော...? 25.9.2021 🖇 3.12.2021(9:36PM)🖇💜 Yoonmin fic ♡ Own Creation🦋♡