Ep...20👻🍂

278 29 10
                                    

မင်းကိုမှ....ငါချစ်သည် 👻(Ep...20)🍂





ဒီနေ့တော့ ပုံမှန်အတိုင်း အချိန်အတိအကျ ရောက်အောင် ကျွန်တော် သွားသည်.
Jimin Company ရောက်တော့ အောက်ထပ်မှာ နွယ်နီက ပုံမှန်လိုပဲ စောင့်နေသည်.
ကျွန်တော် အနားရောက်မှ ကျွန်တော်နှင့်အတူ ရုံးခန်းဘက် သွားသည်.
သွားရင်းနဲ့ အချိန်ဇယားပြောရင်း

နွယ်နီ ~ပြီးတော့.. ဆရာ  အခန်းထဲမှာ SS company ရဲ့CEO Min Yoongi ရောက်နေပါတယ် ဆရာ

Jimin~ဘာ..! သူက ဘာလို့လဲ?


နွယ်နီ ~ဟို အဲ့တာတော့ သေချာ မပြောပါဘူးဆရာ သူတို့ဘက်က ပစ္စည်းက မလွှဲဲပေးသေးဘူးဆိုတော့ ကျွန်မ အမှားလုပ်မိမှာ စိုးလို့  အခန်းထဲမှာ စောင့်ခိုင်းထားတာပါ ဆရာ
သူကလဲ အခန်းထဲကပဲ စောင့်နေမယ် ​ပြောတာနဲ့.........

Jimin~ဟုတ်ပီ    ဟုတ်ပီ ထားလိုက်တော့ လုပ်စရာရှိတာ  သွားလုပ်ထားလိုက်

နွယ်နီ ~ဟုတ်ကဲ့    ဆရာ

Jimin မှာစရာ ရှိတာ မှာပြီး အခန်းထဲ ဝင်လာခဲ့သည်.

Yoongi ~ရောက်လာပြီလား...


Jimin ~ရောက်လာလို့ပဲ မြင်နေရတာ မဟုတ်ဘူးလား


Yoongi ~ဟုတ်ပါပြီဗျာ   ကိုယ့်ကို စကားအတည့်ပြောအုံးမှာလား    ဘာလို့ အမြဲ တွေ့တိုင်း ခနဲ့နေတာလဲ



Jimin~ကျွန်တော် ပုံမှန် အတိုင်း ပြောတာပါပဲ
Min Yoongi ခင်ဗျ  ပြီးတော့ စောစောစီးစီး အလုပ်အခန်းထဲရောက်နေရတဲ့ အကြောင်းအရင်းလေး ပြောပါအုံး


Yoongi ~ဘာရယ်မဟုတ်ပါဘူး ကိုယ် မင်းနဲ့ မနက်စာ သွားစားချင်လို့ အဲ့တာ လာခေါ်တာ


Jimin~ကျွန်တော် မအားဘူး ဗျ အလုပ် ရှိသေးတယ်  ပြီးတော့ အိမ်မှာ စားခဲ့ပြီးပြီ


Yoongi ~ဟုတ်လား ကိုယ် ပစ္စည်း တွေ မလွှဲရသေးဘူးနော် ပြီးတော့ ကိုယ်လုပ်ချင်တာကို ဖြစ်စေရမယ် ဆို...

Jimin~.......
Jimin ခဏလောက် ငြိမ်သွားပြီးမှ..
*တော်တော် စျေးကိုင်တာပဲ အရင်က အဲ့လို မဟုတ်ပါဘူး ဟွန့် *


Yoongi ~ဘယ်လိုလဲ ကိုယ်နဲ့ လိုက်မယ်မလား ဟင်

Jimin~သွားမယ်!
ထိုအခါမှ မျက်နှာလေးဝင်းပသွားသည့် Yoongi.
နှစ်ယောက်သား အခန်းထဲမှ ထွက်လာတော့ နွယ်နီက အံ့ဩတဲ့အကြည့်နဲ့ ကြည့်နေတော့...


မင်းကိုမှ....ငါချစ်သည်🖇💜(Complete)🍂Donde viven las historias. Descúbrelo ahora