Ep...17 👻🍂

266 25 0
                                    

မင်းကိုမှ....ငါချစ်သည် 👻(Ep..17)🍂






အား!......နာလိုက်တာ...အ့
နာကျင်မှု့နှင့် နိုးထလာတဲ့ jimin.
မျက်လုံးတွေ ဆက်ကနဲဖွင့်ကြည့်မိတော့
အပြင်ဘက်မှ ဖြာကျလာတဲ့ နေရောင်ခြည်ကြောင့် မျက်လုံးများ ကျိန်းစပ်နေတာမို့
မျက်လွှာပြန်ချပြီး နေရောင်ကို လက်ဖြင့်ကာကာ အားယူ၍ ပြန်ဖွင့်ရသည်.




ဟင်!!



ဘေးဘီဝဲယာကို သတိထားပြီး သေချာ ပြန်ကြည့်တော့ ဆေးရုံ......ဆေးရုံမှာ...

အဖြစ်အပျက်တွေ...အာ့....ခေါင်းထဲက နာကျင်မှု့ကြောင့် လက်များဖြင့်ဖိကာ..
အာ့....ဟင်     ဖေဖေ!!    မေမေ!!





သူကုတင်ပေါ်က ဆင်းမည် လုပ်တော့ ဆေးသွင်းထားတဲ့ ပိုက်ကြိုး.
လက်ဖမိုးမှ စိုက်ဝင်နေတဲ့ ထိုအပ်ချောင်း
ဆက်ခနဲ ဆွဲဖြုတ်တော့ သွေးစတွေ.
တစ်ဆစ်ဆစ်နဲ့ နာကျင်မှုတွေ
သူမမှု့နိုင်သေးပါ သူ့ပေါ့ဆမှုနဲ့ သူ့ မှားယွင်းမှု့ကြောင့်
ဟင့်အင်း ဘာမှ မဖြစ်ပါစေနဲ့.
ကုတင်ပေါ်မှ ဆင်းလိုက်တော့ ခန္ဓာကိုယ်က
အားနည်းနေပြီး လူက ယိုင်သွားသည်.

ဟင်...အကိုလေး သတိရ​လာပြီလား?

အသံလာရာ လှည့်ကြည့်တော့ ဦးငယ်!


Jimin~ဦးငယ်    ဖေဖေ!!     မေမေရောဟင်
အခု ဘယ်မှာလဲ ကျွန်တော် တွေ့ချင်တယ်




ဦးငယ် ~ဟို    အကိုလေး.....အဲ့တာ.. ..အခု အားနည်းပီး နေမကောင်းသေးဘူးမလား




Jimin~အင် တင်တင် လုပ်မနေနဲ့ ကျွန်တော် စိတ်မရှည်တာ သိတယ်နော်  အခု လိုက်ပို့
ဖေဖေနဲ့ မေမေ့ကို တွေ့ချင်တယ်




ဦးငယ် ~ဦးငယ် လိုက်ပို့ပေးပါ့မယ် ဒါပေမယ့်
အကိုလေး စိတ်ငြိမ်မှ  စိတ်မလှုပ်ရှားဘဲ
စိတ်ငြိမ်ငြိမ်လေး ဖြစ်တဲ့ အချိန်မှ......




Jimin~ဘာတွေလာပြောနေတာလဲ ဗျာ...
ဘာကို စိတ်ငြိမ်ငြိမ်ထားရမှာလဲ
ဘာမှမဖြစ်ဘူး မလား ဟင့်.....ဦးငယ်! ဘာမှ မဖြစ်ပါဘူးနော်




ဦးငယ် လည်း 15မိနစ်လောက် နားချပြီးမှ
Jiminလည်း စိတ်ငြိမ်သွားလောက်မှ
ဆေးရုံရဲ့ တစ်နေ​ရာရာကို တွဲခေါ်လာခဲ့သည်.
နားတဲ့အချိန် Nurse လေးတစ်ယောက်ပြန်ခေါ်ပြီး jimin ဆေးပိုက်တွေ ပြန်ထည့်ပြီး
လိုအပ်တာ အကုန်လုံးလုပ်ခဲ့သည်.


မင်းကိုမှ....ငါချစ်သည်🖇💜(Complete)🍂Where stories live. Discover now