Ep...9 👻🍂

263 32 5
                                    

မင်းကိုမှ....ငါချစ်သည် 👻(Ep..9)🍂





Jimin ~ ဘယ်လို....Silent တွဲတာ.!





Dan~ဟုတ်တယ် Jimin ရဲ့ သူကျောင်းပြီးမှ တခါတည်းလက်ထပ်မှာတဲ့...




*ဟင်... !လက်ထပ်မယ် ဟုတ်လား.. ဟင့်အင်း... မဖြစ်ရဘူး... အဲ့လို မဖြစ်ရပါဘူး...မယုံဘူး.. ငါ ဘယ်လိုမှ မယုံဘူး.. *




Jimin တွေးနေတုန်း.. dan ပေးတဲ့ ပစ္စည်းလေးကို ကြည့်တော့....




Jimin~ဟင်.....!ကိုကို! ....ဒါကိုကို မလား...
*ဟုတ်ပါတယ် အဂျီ့ရဲ့ ကိုကိုပါ....ပုံလေးထဲမှာ စကတ်တိုလေးဝတ်ထားတဲ့ကောင်မလေးကို အင်္ကျီနဲ့ ဖုံးပေးနေတဲ့ သူ့ရဲ့ နှစ်ယောက် မရှိတဲ့ ကိုကို ပါ...*



ခဏနေတော့.... ဟန်အမူအယာထိန်းကာ...
Jimin ~ဟင်း(ခနဲ့သလို အပြုံးဖြင့်) ....သာယာနေသားပဲ လိုက်ဖက်ပါတယ်



Jimin လှည့်ထွက်ခဲ့သည်.ကြာကြာနေရင် သူ့မျက်လုံးတွေထဲက ပြိုဆင်းလာမယ့် ပုလဲဖြူ ဥသဖွယ် မျက်ရည်များကို dan မြင်မှာ မလိုလားပေ.



သူလုပ်နိုင်ခဲ့တယ် ဟု အထင်ဖြင့် အောင်နိုင်သူပမာ ပြုံးနေတဲ့ dan ရဲ့ အပြုံးကိုတော့ Jimin မမြင်လိုက်.



တကယ်တော့ dan ဆိုသည်မှာ.... Yoongi နှင့် အသက်တူ ရွယ်တူပင်.Yoongi ကျောင်းပြောင်းလာတဲ့ အလယ်တန်းနှစ်ကတည်းက သူ Yoongi ကို မြတ်နိုးစွာ ချစ်ခဲ့ရသည်.



ဒါပေမယ့်..... jimin ကလွဲပီး ဘယ်သူ့မှ အရေးမပေးတဲ့ Yoongi ကြောင့် သူ နာကျင်စွာ ခံစားခဲ့ရသည်မှာလဲအကြိမ်ကြိမ်.



နောက် တော့ သူ မြတ်နိုးစွာ ချစ်ရတဲ့ Yoongi ကို သဘောကျကြောင်း ဝန်ခံတော့...ပြတ်သားစွာ အငြင်းခံလိုက်ရသည်.



သူ အငြင်းခံရသည်က jiminကြောင့် ဟု ယုံကြည်ပီး မနာလိုစိတ် တွေ ဖြစ်လာသည်မှာ သူကိုယ်တိုင်တောင် သတိမထားမိ.




အခုလဲ သူ ဗီလိန်လုပ်မိပြန်သည်.




Dan စိတ်ထဲတွင်..... *ဟင်း...စ်ိတ်မကောင်းပါဘူးကွာ...ငါ ချစ်တဲ့ သူ့ကို ပိုင်ဆိုင်ချင်တာတော့ ငါ မလွန်ပါဘူး နော်... ငါ လိုချင်တာ ရဖို့ ဆိုရင် မင်း သူ့အနားမှာ ရှိမနေမှ ဖြစ်မှာ.... ငါ့ကို အပြစ်မတင်ပါနဲ့ jimin.*



မင်းကိုမှ....ငါချစ်သည်🖇💜(Complete)🍂Where stories live. Discover now