မင်းကိုမှ...ငါချစ်သည် 👻(Ep...19)🍂
ထိုနေ့မှစပြီး လရောင် တစ်ယောက် အပြင် မထွက်ရတော့.
တက်လက်စသင်တန်းတွေလဲ အိမ်မှာသာ ခေါ်သင်စေသည်.
လရောင်ကလဲ Yoongi နဲ့ အဆက်အသွယ် မပျက်ဆက်သွယ်နေဆဲ.
သူတို့ နှစ်ယောက်က ဘာလဲ ဆိုတော့ ဘာမှ မဟုတ်ကြ.
နှစ်ရက် သုံးရက်လောက်ကြာတော့ လရောင်
တစ်ယောက် Jimin မရှိတုန်း အပြင်ထွက်ပြီး
Yoongi နှင့် သွားတွေ့ခဲ့လေသည်.
စားသောက်ဆိုင်မှာ နေ့လည်စာစားရင်းစကားပြောကြသည်.
ထိုစဥ်.....Yoongi ~လရောင် ခဏနော် ဦး သန့်စင်ခန်းခဏ သွားလိုက်ဦးမယ်
လရောင် ~ဟုတ်ကဲ့ ဦး
10မိနစ်လောက် ကြာတော့ Yoongi ပြန်လာသည်.
ခုနကလို မျက်နှာမျိူးမဟုတ်ဘဲ မျက်နှာပေါ်မှာ မချိပြုံးလို(ခနဲ့သလို)အပြုံးဆင်မြန်းထားသည်မှာ သိသာစေသည်.
Yoongi က ပုံမှန်အတိုင်း ဖြစ်နေ၍ လရောင်လဲ ဘာမှ ထပ်မမေးဖြစ်.Yoongi ~ဟင်းတွေ ထည့်စားနော် လရောင်
ပြောလဲပြော ဟင်းတွေလဲ ပန်းကန်ထဲ ထည့်ပေးနေသည်.လရောင် ~ဟုတ် ဦး ကျေးဇူးပါဗျ
Yoongi ~လရောင်ကလဲ ကိုယ်တို့နှစ်ယောက်က ကျေးဇူးတင်စကားပြောဖို့ လိုလို့လား?ဟင်..
လရောင် ~ဟို.......ဟုတ်... ကဲ့
*ဟာ...ဦးက ရီရင် ပိုပြီး ချစ်ဖို့ကောင်းတာပဲ
ကြည့်ပါအုံး မျက်လုံးလေးတွေ ကျဥ်းသွားပြီး သွားလေးတွေကစီရီနေတာပဲ
နှုတ်ခမ်းလေးကလဲ...*
"အဟွတ် "
လရောင် စားနေရင်းသီးသွားတော့Yoongi ~ဟင်...ဘာတွေလောနေတာလဲ ဖြေးဖြေးစားပါ လရောင်ရာ ဟက်
လရောင် ~ဟို...မလောပါဘူး နဲနဲ....
Yoongi ~အင်းပါ အင်းပါ ဖြေးဖြေးစား ဘာတွေ တွေးနေလို့ သီးသွားရတာလဲ မသိဘူး
လရောင် ~ဗျာ!! အဟွတ်! ...ဘာမှ မတွေးပါဘူး
Yoongi ~ကဲပါ... လရောင်ရယ် ဦး ဘာမှ မပြောတော့ဘူးနော် ဖြေးဖြေးစား ရော့ ဒီမှာ ရေသောက်အုံး
"ဘာမှ ရေသောက်နေစရာ မလိုဘူး "
ကျောဘက်မှလာတဲ့ အသံကြောင့် လရောင်က လန့်သွားပေမယ့်
မတုန်လှုပ်သူက Yoongi.
အဘယ့်ကြောင့်ဆိုသော်...ဒီနေရာသို့ လာရန် သူက ဖုန်းဆက်ခေါ်လိုက်ခြင်းပင်.
VOCÊ ESTÁ LENDO
မင်းကိုမှ....ငါချစ်သည်🖇💜(Complete)🍂
Fanficအဂျီဆိုတဲ့အမည်နာမလေးကိုတွေးမိတဲ့အချိန်တိုင်း ကိုကို ရင်ခုန်နေတုန်းပါပဲ... အဂျီကရော...? 25.9.2021 🖇 3.12.2021(9:36PM)🖇💜 Yoonmin fic ♡ Own Creation🦋♡