မင်းကိုမှ...ငါချစ်သည်👻(Finale part..2)🍂complete💜
ထိုတစ်နေကုန် တစ်မြို့လုံး ပတ်ရှာပေမယ့် jimin ကို ဘယ်သူမှ မတွေ့.
Yoongi ဆိုသည်မှာလဲ စိုးရိမ်စိတ်ရော ဒေါသရော ဖြစ်နေသည်.
အကုန်လုံးကို ပတ်ရမ်းပြီး သောင်းကျန်းနေကာ အပူတပြင်းရှာနေသည်.
ထိုစဥ် Yoongi ဖုန်းမြည်လာ၍ ကြည့်လိုက်တော့...Yoongi ~ ဟင်..!! အဂျီ..!... အဂျီ ဘယ်တွေလျှောက်သွားနေတာလဲကွာ...ကိုကို အရမ်းစိတ်ပူနေတယ် ဆိုတာ မတွေးမိဘူးလားကွာဟင် အခု ဘယ်မှာလဲ ကိုကို လာခေါ်မယ် နေရာ ပြော...အဂျီ! !
ထိုအခါ တစ်ဖက်က အဂျီ့ အသံထွက်မလာပဲ
သူစိမ်းယောကျာ်းလေး တစ်ယောက်၏ ရီသံ ထွက်လာသည်.
Yoongi ဒေါသတွေ ငယ်ထိပ်ရောက်သွားပြီး....Yoongi ~ ဟေ့ကောင်! ! မင်း ဘယ်သူလဲ! !
ဘာလို့ အဂျီ့ ဖုန်းကို မင်းက ကိုင်ရတာလဲ ဟမ် အခု အဲ့တာ ဘယ်နေရာလဲ မင်း... မင်း အဂျီ့ကို ဘာလုပ်လိုက်တာလဲ မြန်မြန်ပြောစမ်း! !!
ဘာစကားမှ ထွက်မလာဘဲ တစ်ဟားဟား ရီသံတွေပဲ ထွက်လာတော့ Yoongi ဆောက်တည်ရာ မရဖြစ်ကာ...Yoongi ~ အား!!!???? မင်းကို ငါသတ်မယ်!!
စောင့်နေလိုက်!တစ်စစီ ဖြစ်အောင်လုပ်ပစ်မယ် !(A/N...တစ်ဖက်က တစ်ယောက် အသံကို SM လို့ သုံးမယ်နော် Stranger Man ပါ အဓိပ္ပာယ်က)
ထိုအခါမှတစ်ဖက်က.....
S M ~ ဟားဟားဟား....ဘယ်လိုလဲ တစ်မိုးအောက် တစ်ယောက် Min Yoongi က ဘာမဟုတ်တဲ့ ကောင်လေး တစ်ယောက်ကြောင့်သွေးပျက်နေတာလား? ဟမ် ဟဟားတစ်ဟားဟား ရီနေတဲ့ တစ်ဖက်က လူနဲ့အသံက Yoongi အတွက်တော့ အော်ဂလီဆန်ပြီး
ရွံစရာကောင်းနေသည်.
သူ့ရဲ့ နှစ်ယောက်မရှိတဲ့ အသဲအသက်လေး ချစ်ရတဲ့ သတို့သားလောင်းလေး ကို ဘယ်လိုလူက အခုလို လုပ်ရဲသည်နည်း.
တော်တော်လေးလဲ စိတ်ပူနေသည်.
အဂျီများ တစ်ခုခု......ဟင့်အင်း ဟင့်အင်း
ဘယ်လိုကိစ္စမှ အဖြစ်မခံနိုင်ဘူး
အဂျီ...မင်းဘာမှ မဖြစ်ရဘူး ကိုယ့်ကို ခဏလောက်ပဲ စောင့်နေပေးပါ ကိုယ် မင်းဆီ လာမှာမို့...ခဏလောက်ပဲ...ဟင့်...ခဏလောက်ပဲ..
ဟင့်...ဖုန်း မချသေးဘဲ Yoongi တွေးရင်းစိုးရိမ်စိတ်တွေလွန်ပြီး စိတ်မထိန်းနိုင်ဘဲ ငိုမိတော့ ရှိုက်သံလေး ထွက်သွားသည်.
ဒါကို ကြားတဲ့ တစ်ဖက်က လူက ဒေါသထွက်သွားဟန်...
YOU ARE READING
မင်းကိုမှ....ငါချစ်သည်🖇💜(Complete)🍂
Fanfictionအဂျီဆိုတဲ့အမည်နာမလေးကိုတွေးမိတဲ့အချိန်တိုင်း ကိုကို ရင်ခုန်နေတုန်းပါပဲ... အဂျီကရော...? 25.9.2021 🖇 3.12.2021(9:36PM)🖇💜 Yoonmin fic ♡ Own Creation🦋♡