Ep...11 👻🍂

263 27 4
                                    

မင်းကိုမှ.....ငါချစ်သည် 👻(Ep..11)🍂







နိုးထလာတဲ့ မနက်ခင်းလေးက အရမ်းချိိုမြိန်ပါတယ်...



အရာအားလုံးပုံမှန်ပြန်ဖြစ်သွားပြီး ဖြစ်တဲ့အတွက် jimin နဲ့ Yoongi လဲ ပုံမှန်လို တွဲသွားတွဲလာ ပြန်ဖြစ်သွားသည်.



မတူသည်က ခံစားချက်များပင်....အရင်က တိမ်မြုပ်နေတဲ့ ခံစားချက်လေးများ...
ဂရုမပြုမိတဲ့ ခံစားချက်လေး....
အမည်နာမ တပ်လို့ မရတဲ့ ခံစားချက်လေး...
အခုတော့ဖြင့်.....သေချာသွားပြီ.




Jimin ကလဲ အရင်ကထက် ပိုဆိုးပီး Yoongi အပေါ်တွင် ပို၍ပင် နိုင်လာသည်.
ထိုအရာကိုပင်
အပြုံးမပျက် ငြိုငြင်မှု့မရှိ အကုန် ဖြည့်ဆည်းပေးသူက Yoongi.

အရာအားလုံးကို စောင့်ကြည့်နေသူက Dan.
ကြံစည်ခဲ့ရသမျှ သဲထဲရေသွန်ဖြစ်သွား၍
ပို၍ပင်  အကြံအစည် ကြီးလာတော့သည်.

ဒီလိုနှင့် Yoongi လဲ Uniကျောင်းနောက်ဆုံးနှစ် ​ရောက်ကာ

Jimin လေးလဲ အထက်တန်းအောင်၍ Yoongi တက်တဲ့ကျောင်းမှာပင် တက်သည်.

တစ်နှစ် ဆိုတဲ့ အချိန်ကာလက ပြောသလောက် မကြာခဲ့.


Yoongi နဲ့ Jimin ဆက်ဆံရေးမှာလည်း jimin က ပြန်မဖြေသေးသဖြင့်....တရားဝင် မပြောမိကြ.


ထိုနေ့က Yoongi တို့ Uniမှာ ကျောင်းနောက်ဆုံးနေ့ ဖြစ်၍ နှုတ်ဆက်ညစာစားပွဲ ပြုလုပ်ကြသည်.

ဆရာ,ဆရာမများပါ လာမည့်ဖြစ်၍ Yoongi လဲ မသွားချင် သွားချင် ဖြင့် သွားရသည်.

ထိုနေ့က Jimin မလာနိုင်ပါ.ဂျူနီယာလေးများက စာမေးပွဲ ဖြေရန် တစ်ဘာသာ ကျန်နေသဖြင့် အိမ်မှာ နေ၍ စာသာကြည့်နေရသည်.



Yoongi မသွားခင်...


Jimin~ကိုကို.. မြန်မြန် ပြန်လာခဲ့နော်..အကြာကြီး မနေနဲ့




Yoongi ~အင်းပါ အဂျီ ရဲ့ ကိုကို ချက်ချင်း ပြန်လာခဲ့မယ်



Jimin~အဂျီ လိုက်ချင်ပေမယ့် မနက် စာမေးပွဲ ရှိနေတော့ လိုက်မရဘူး ကိုကိုရာ



Yoongi ~အဂျီကလဲ စိတ်မပူပါနဲ့ ကိုကို မျက်နှာပြပီး ချက်ချင်း ပြန်လာခဲ့မယ် ဟုတ်ပီလား



မင်းကိုမှ....ငါချစ်သည်🖇💜(Complete)🍂Wo Geschichten leben. Entdecke jetzt