part10🔥💖

536 60 2
                                    

ယနေ့ကကျောင်းပိတ်ရက်ဆိုတော့ ဆွန်းမီဟာ မိဘတွေကို ဝိုင်းကူလုပ်ပေးပြီးတာနဲ့ မနေ့ကချိန်းထားသည့်အတိုင်း လျှောက်လည်ဖို့ ဟွမ်ဒုံတို့ဆီ သွားခဲ့တာပေါ့။ ဟိုရောက်တော့ သူတို့ဆိုင်က စားသုံးသူတွေ အရမ်းကျနေပြီး အလုပ်တွေမနိုင်မနင်း ဖြစ်နေတာကြောင့် မြန်မြန်ပြီးသွားအောင်လို့ ဝိုင်းကူပေးခဲ့ရပြန်တရ်။

ဆွန်းမီ: ရား အလုပ်ပြီးကြပြီလား ငါလဲ မောနေပြီ။

ဟွမ်ဒုံ: ဟဟ အရင်ကခွန်အားကြီးတဲ့ ဆွန်းမီက ဘယ်ရောက်သွားတာလဲ ဘယ်လောက်မှ မလုပ်ရသေးဘူး အားပျက်ပြနေလို့လေ။

ဟာဝန်း:ရား မပြောစမ်းပါနဲ့ ငါ့သူငယ်ချင်းက လျှောက်လည်ဖို့ အလှတောင်ပြင်လာတဲ့ဟာ သူခမျာ အခုတော့ ချွေးပြိုက်ပြိုက်ကျလို့။

ဆွန်းမီ:ရား အိုဟာဝန်း နင်ပြောတာ ပိုဆိုးနေတရ်။

ဟွမ်ဒုံ: သွားသွား ဟာဝန်း ငါဆိုင်သိမ်းထားမှာမို့ နင်သွားပြင်ဆင်ချေ။

ဟာဝန်း:အော် အေးအေး။

သုံးယောက်လုံး သန့်သန့်ပြန့်ပြန့်နဲ့ နွေးနွေးထွေးထွေးဝတ်ကာ စက်ဘီးတစ်ယောက်တစ်စီးနဲ့ အနီးအနားက နေရာတွေကို လျှောက်လည်ကြတာပေါ့။ သုံးယောက်သားက ဂိမ်းဆော့ရတာ အရမ်းကြိုက်ကျတော့ ကစားကွင်းကို သွားဖြစ်ကြတရ်လေ။ စုံစုံလင်လင်ကို ဆော့ပြီး မောသွားတော့ လမ်းက အမဲကင်ဆိုင်မှာ ထိုင်ကာ သုံးယောက်သား စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ စားသောက်ကြတာပေါ့။ ဒီတခေါက်တော့ ဆိုင်ရှင်က မှတ်ပုံတင်ပြခိုင်းလိုက်ပြီး အသက်၂၀မပြည့်သေးတာကြောင့် ဆိုဂျူတို့ ဘီယာတို့ကို မချပေးဘူး။ သူတို့လဲ ဒီတိုင်းရိုးရိုး အအေးတွေနဲ့ပဲ အမောဖြေလိုက်ရတော့တရ်။

ဟွမ်ဒုံက ရှင်းဟွှာကို မတတ်ရပေမဲ့ ဟာဝန်းနဲ့ ဆွန်းမီတို့ ဒီတလော မျက်နှာတွေ ချောင်ကျသွားတာကို သတိထားမိနေတရ်လေ။ ဒါကြောင့်ဟွမ်ဒုံကို အကင်ကင်နေရင်းကနေ

ဟွမ်ဒုံ: ရား နင်တို့နှစ်ယောက် ရှင်းဟွှာမှာ အဆင်ပြေရဲ့လား။ နင်တို့က ဆိုးလ်နံပါတ်တစ် ကျောင်းကို ရောက်သွားကြပေမဲ့ ပြုံးပြုံးရွှင်ရွှင် မရှိကြလို့လေ။

That Girl In Boys Over FlowersNơi câu chuyện tồn tại. Hãy khám phá bây giờ