part 16👀🍞

496 67 8
                                    

မနက်ခင်းမိုးလင်းမှ စက်ဆရာဟာ ရောက်ရှိလာပြီး မြန်မြန်စက်ကို ပြင်လိုက်ပြီး တံခါးကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ စက်လှေကားအတွင်း၌ တယောက်ပုခုံးတယောက်မှီကာ အိပ်ပျော်နေတဲ့ ဂျောင်ကုတို့ နှစ်ယောက်ကို တွေ့တော့ အရမ်းကို လန့်သွားပါတော့သည်။ သူက ဂျောင်ကုတို့ ဒီထဲမှာ ရှိနေတယ်ဆိုတာကိုတောင် မေ့နေပုံရပါတယ်။

စက်ဆရာ:သူဌေးလေး သူဌေးလေး ထပါအုံး။..

စက်ဆရာဟာ ဂျောင်ကုရဲ့ ပုခုံးကို လှုပ်ရင်း နိုးလိုက်သည်။

ဂျောင်ကု:အော် မိုးတောင် လင်းသွားပြီပဲ။...

ဂျောင်ကုဒီလို ပြောပြီး အကြောဆန့်လိုက်ကာ ဘေးမှာ ရှိနေသည့် ဆွန်းမီကို ကြည့်လိုက်တော့ ဆွန်းမီလဲ အိပ်ချင်မူးတူးနဲ့ နိုးနေပါပြီ။

စက်ဆရာ:ကျွန်တော် တောင်းပန်ပါတယ်။ မနေ့ညက အမေ့ကို ဆေးရုံတင်နေရလို့ပါ။ သူဌေးလေးတို့ အတော် အခက်တွေ့ခဲ့ရမှာပဲ။

ဂျောင်ကု: အော် ဘာမှမဖြစ်ဘူး။ ဂင်ချာနာ ဂင်ချာနာ။

ဂျောင်ကုအဲ့လို ပြောတော​့ ဆွန်းမီက ဒီကောင် ဘယ်တုန်းက အဲ့လောက်စိတ်ထားကောင်းတာလဲ ဆိုပြီး အကြည့်နဲ့ လှမ်းကြည့်လိုက်သည်။

ဂျောင်ကုဟာ ဆွန်းမီရဲ့ အကြည့်ကို မြင်တော့ မလုံမလဲတွေ ဖြစ်ကာ စက်ဆရာကို ထအော်ပါတော့တရ်။

ဂျောင်ကု:ခများ အမေ နေမကောင်းတာ နေကောင်းတာထက် ကျွန်တော် မနေ့က ခများကြောင့် အဖျား....တွေတောင် တက်နေပြီ။ စိတ်ရှိလက်ရှိသာ အလုပ်ဖြုတ်လိုက်ရရင်တော့ အင်....

ဂျောင်ကုဟာ ဒီလိုပြောပြီး ဆွန်းမီကို တချက်လှမ်းကြည့်လိုက်ပြီး

ဆွန်းမီ:တော်တော့။ ပြီးတာကလဲ ပြီးပြီပဲဟာ။ အာဂျူးရှီး နောက်ခါ အဲ့လို မဖြစ်ပါစေနဲ့။

ဆွန်းမီဟာ ဒီလို ပြောပြီး ထွက်သွားမယ် အပြင်ကို ထွက်သွားတော့သည်။ မနက်ကစောသေးတော့  တာဝါမှာလူသိပ်မရှိသေးဘူးပေါ့။ ဂျောင်ကုဟာလဲ အမြန်လိုက်ဆင်းပြီးနောက်

ဂျောင်ကု:ဘဲ့ဆွန်းမီ... နင် ဒီတိုင်း သွားတော့မလို့လား။ ငာ့ အိမ်တော်ထိန်း လာတဲ့အထိ ငါနဲ့ အတူ ခဏလောက် စောင့်ပေး။ ငါဖျားနေတာ နင်သိတယ်မလား။ အကယ်၍များ ငါအိမ့်တော်ထိန်း မလာခင် ငါမူးလဲသွားရင် ဘယ်လို လုပ်မလဲ။...

That Girl In Boys Over FlowersHikayelerin yaşadığı yer. Şimdi keşfedin