part 23😘🎄

402 45 7
                                    

ဒီနေ့ဟာဆိုရင် ဂျောင်ကုနဲ့ ဆွန်းမီတို့ရဲ့ ချစ်သူဖြစ်တာ ၁လပြည့်တဲ့နေ့ပေါ့။ ဂျောင်ကုဟာ ဒါကြောင့် အရမ်းကို စိတ်လှုပ်ရှားနေခဲ့တာပေါ့။ နေ့တိုင်း dateလိုလို ဘာလိုလိုနဲ့ အတူရှိနေကြပေမဲ့ ဒီနေ့တော့ တမူထူးခြားစွာ ပွဲလေးတစ်ခုကို ဆွန်းမီအတွက် ပြင်ဆင်ပေးခြင်နေတာပေါ့။

ဂျောင်ကုဟာ ဆွန်းမီတို့ လမ်းထိပ်၌ စောင့်နေလိုက်ပြီး ဆွန်းမီအား သူဆီလာခဲ့ဖို့ ဖုန်းနဲ့လှမ်းဆက်ပြောလိုက်တာပေါ့။

ဆွန်းမီ:ဘာလဲ။ အစောကြီး။ ကျောင်းပိတ်ရက်ကြီးကို။

ဂျောင်ကု:ရား ဒီနေ့ဘာနေ့လဲ သိရဲ့လား။

ဆွန်းမီ:စနေနေ့လေ။ ဘာလဲ မဟုတ်ဘူးလား။...ဒါမှ မဟုတ် ဒီဇင်ဘာ ၂၅ ဒါမှမဟုတ် ခရစ္စမတ်နေ့လား။

ဂျောင်ကု:ရား မင်းတကယ် ဒီနေ့ကို မှတ်မထားဘူးလား။ ဒီနေ့က... ဒီနေ့က..ဟူး.....ထားလိုက်တော့။

ဆွန်းမီ:ဘာလဲ ဒီနေ့က ငါနဲ့နင်ရဲ့ ၁လပြည့်မို့လို့လား။ အထူးအဆန်းတွေ လာလုပ်နေတာ။ ၁လလေး ပြည့်တာကို။

ဂျောင်ကု:1လလဲ တန်ဖိုးရှိတယ်။ သိရဲ့လား။ နင်နဲ့ပက်သက်သမျှ အကုန်တန်ဖိုးကြီးတယ် ဟွန်း။

ဆွန်းမီ:အခု လျှောက်လည်ဖို့ လာခေါ်တာလား။ အခု ငါမအားသေးဘူး။ ညနေမှ လျှောက်လည်ရအောင်။ ခရစ္စမတ်ကာလဆိုတော့ ညပိုင်းကျ ပိုလှမှာ။ အဲ့ကျမှ လာခေါ်။ ငါသွားပြီ အလုပ်ရှိသေးတယ်။

ဂျောင်ကု:ခ..ခဏ။

ဂျောင်ကုဟာ သူရဲ့ မျက်နှာကိုရှေ့တိုးလိုက်ကာ နှုတ်ခမ်းကို ထော်ထားလိုက်ပါတယ်။ တကယ်တမ်းတော့ ဂျောင်ကုဟာ မွှေးမွှေးတောင်းနေတာပါ။

ဆွန်းမီ:ဘာလဲဟ။

ဂျောင်ကု:မွှေးမွှေးလေ။ ဒီလိုမျိုး သမီးရည်းစားတွေ လုပ်တာ။ မသိဘူးလား။

ဆွန်းမီ:အာ....အဲ့..ဒါ..ကို လုပ်ရမှ ဖြစ်မှာလား။

ဂျောင်ကု:ommm

ဆွန်းမီလဲ ဘေးတချက်စီ ကြည့်လိုက်ပြီး လူချေသိပ်မရှိတာနဲ့ ဂျောင်ကုပါးလေးကို နမ်းလိုက်ပါတယ်။

That Girl In Boys Over FlowersWhere stories live. Discover now