part 29🤝

305 53 20
                                    

ညနေလောက်ကျတော့ ဂျောင်ဟီးဆီသို့ ဂျီမင်လာတွေ့တာပေါ့။

ဂျီမင်:ရောက်နေတာကြာပြီလား။ ရောက်တဲ့သတင်းတော့ ကြားလိုက်ပါတယ်။

ဂျောင်ဟီး:လာကျ မတွေ့ပဲနဲ့များ။ နင့်မျက်နှာ တော်တော်ချောင်ကျသွားတာပဲ။ စိတ်ဆင်းရဲစရာတွေရှိနေလို့လား။

ဂျီမင်:ဒီတိုင်းပါပဲ။ နိုနာရော ဒီတခေါက် ကိုရီးယားမှာ ဘယ်လောက်နေမှာလဲ။

ဂျောင်ဟီး:ommmmm မပြောတတ်သေးဝူး။ ဒီတခေါက်ပြန်လာတာ စိတ်မချမ်းသာစရာ မျက်နှာတွေပဲ တွေ့နေရတယ်ရော။

ဂျီမင်:ဂျောင်ကုအဆင်ပြေရဲ့လား။

ဂျောင်ဟီး:သူငယ်ချင်းတွေပဲဟာ။ ကိုယ့်ဟာကိုသွားမေးပါလား။

ဂျီမင်:မေးဖို့ အဆင်မပြေလို့ပါ။

ဂျောင်ဟီး:ဟူး....ဂျီမင် နင့်ကို ငါနားလည်ပါတယ် ဒါကြောင့် ကိုယ့်ကိုလဲ အပြစ်တွေ ပုံချမနေပါနဲ့။ နင်တို့လေးယောက်ထဲမှာ မောင်တစ်ယောက်လို ပိုပြီးချစ်ရတာ နင်ဆိုတာ သိတယ်မလား။

ဂျီမင်:နိုနာ ဒီကိစ္စကို သိနေတာလား။

ဂျောင်ဟီး:သိသင့်သလောက်တော့ သိပြီးပြီး။ ဒါကြောင့် ငါပြောသလိုပဲ သိပ်ပြီးလဲ အပြစ်တင်မနေနဲ့။

ဂျောင်ဟီး အုပ်ချုပ်မှုပိုင်းနဲ့ ပက်သက်ပြီး ကျောင်းသားကျောင်းသူတွေဘက်တွင်တော့ ပွက်လောရိုက်နေကြသည်။ အမြဲတပူပူးတွဲတွဲ မြင်နေရတဲ့ 4Jက တကွဲတပြားတွေ ဖြစ်နေတာ အရမ်းခံစားရတယ်ဆိုပြီးတော့ပေါ့။ တနေ့တော့ ကျောင်းသူကျောင်းသားတွေဟာ အုပ်စုဖွဲ့ပြီး ဂျောင်ဟီးရုံးခန်းကို စာတစ်စောင်ပို့ခဲ့ကြတော့သည်။ ထိုမှာ ဂျီမင်အား 4J အဖွဲ့ထဲ ပြန်ထည့်ရဖို့နဲ့ ဂျောင်ကု အားအာဏာပြန်ပေးရေးတို့ ဖြစ်သည်။

ဂျောင်ဟီး:ဝါး...သူတို့က 4Jကိုတော့ အတော်ချစ်တာပဲ။ ဟဟ

ဂျောင်ဟီးဟာ ဂျောင်ကုကို အာဏာပြန်ပေးမှာပါ။ သူက ဆွန်းမီတို့ကိစ္စအတွက် ခဏ ယာယီ အာဏာသိမ်းတဲ့သဘောပေါ့။ ဒီနေ့တော့ ဒီစစ်ဆင်ရေးကို စတင်တော့မှာပါ။ ဒီလိုနဲ့ ဆွန်းမီဆီသို့ သူ့ဆီ ကျောင်းဆင်းကြလာခဲ့ဖို့ message တစ်စောင်ပို့လိုက်တာပေါ့။

That Girl In Boys Over FlowersWhere stories live. Discover now