part 22

443 52 12
                                    

နောက်နေ့မနက်ခင်းရောက်သော် အစေခံတွေနဲ့အတူ အိမ်တော်ထိန်းကြီးဟာ ဂျောင်ကုကို နှိုးဖို့ ရောက်လာကြတာပေါ့။ အခန်းထဲသို့ရောက်တော့ အိပ်ရာပေါ်၌ နိုးနေပြီးသား ဖြစ်သော ဂျောင်ကုကို တွေ့ကြပါလေတော့သည်။ စောင်ကြီးကို ခေါင်းမြီးခြုံကာ ထိုင်လျက်သားကြီးနဲ့ပေါ့။

အိမ်တော်ထိန်း:နိုးနေပါပြီလား။ သခင်လေး။ ဒါနဲ့ ဘာကြောင့် ခေါင်းမြီးခြုံ...

ဂျောင်ကု:သိပြီမို့ ထလာပြီ။

ထလာပြီသာပြောတာ စောင်ကြီးကို ခေါင်းမြီးခြုံလျက် လမ်းလျောက်လာကာ ဟိုဝင်တိုက် ဒီဝင်တိုက် မမြင်မကမ်းနဲ့ နောက်ဆုံးတော့ ထိုင်လျက်သားပဲ ဖြစ်သွားတော့သည်။

အိမ်တော်ထိန်း:သခင်လေး ဘာကြောင့် စောင်ကြီးကို မျက်နှာပေါ် အုပ်ထားရတာလဲ။ မျက်နှာ တခုခု ဖြစ်နေလို့လား။

ဂျောင်ကုဟာ ဒါလဲ ကြားရော ခေါင်းပေါ်က စောင်ကို ဖယ်လိုက်ပြီး..

ဂျောင်ကု:တစ်ယောက်ယောက်လောက် ငါ့မျက်နှာကို ကြည့်ကြည့်စမ်းပါ။ နီရဲနေသေးလား။

အိမ်တော်ထိန်းကြီးလဲ ဂျောင်ကုမျက်နှာကို တချက်ကြည့်လိုက်ပြီး

အိမ်တော်ထိန်း:မနီတော့ပါဘူး။ သခင်လေး။ ဒါနဲ့ ဘာကြောင့်...ဧကန သခင်လေး ဖျားနေလို့ပါလား။

ဂျောင်ကု:အာ မနီတော့ဘူးဆို ရပြီ။ ကျွန်တော်ရေချိုးဖို့ ပြင်ထားလိုက်တော့။

ဂျောင်ကုဟာ တချိန်လုံး မနေ့ညက ဆွန်းမီနဲ့အတူ first kissအကြောင်းတွေးပြီး မျက်နှာတွေ နီရဲနေခဲ့တာပေါ့။ ဒါကြောင့် စောင်ကို ခေါင်းမြီးခြုံထားရတာပေါ့။ အခုတော့ မနီတော့ဘူးဆိုတော့ ရေမြန်မြန်ချိုး အကျီဝတ်စားလဲကာ စားတော်ခန်းကြီးထဲကို မနက်စာစားဖို့ ရောက်လာတာပေါ့။ တချိန်လုံး ဆွန်းမီနဲ့ သူ ရည်းစားဖြစ်တာကို မယုံနိုင်ခဲ့ပေမဲ့ မနေ့ညက ဒီလိုဖြစ်သွားတော့ အခုမှ စိတ်အေးသွားတာပေါ့။

ဂျောင်ကုဟာ ကော်ဖီကို တဂွပ်လောက်  သောက်လိုက်ကာ ဘေးမှာရှိတဲ့ သတင်းစာကို ဖွင့်ဖတ်ကြည့်လိုက်တာပေါ့။ ထိုသတင်းစာထဲတွင် မင်းသမီးတစ်ယောက် လက်ထပ်တဲ့ သတင်းလဲ ပါလာတာပေါ့။ သို့သော် သတင်းစာထဲ ထည့်ထားသည့်ပုံမှာတော့ ထိုမင်းသမီးနှင့် သတို့သားတို့ နမ်းနေသည့် ပုံပင်ဖြစ်သည်။ ဒါကို ကြည့်ပြီးနောက် မနေ့ညက အကြောင်းကို ပြန်တွေးမိသွားပြီး ရုတ်တရက် မျက်နှာတွေ နီလာပါတော့သည်။

That Girl In Boys Over FlowersWhere stories live. Discover now