part5🔥🔥

515 64 10
                                    

ဆွန်းမီတို့နှစ်ယောက် အခန်းလိုက်ရှာရင်း ဟန်ယန်းအဆောင်ရဲ့ ထောင်စွန်းမှာ ရှာတွေ့သွားပါတရ်။

ဟာဝန်း:အော် ဆွန်းမီ ရာ ဒီမှာပဲ။

ဟာဝန်းဟာ အခန်းကို လက်ညိုးလှမ်းထိုး၍ ဆွန်းမီအား လှမ်းပြောလိုက်တော့သည်။ ဆွန်းမီတို့ နှစ်ယောက် အခန်းထဲကို ခပ်တည်တည်နဲ့ပဲ ဝင်သွားတော့တရ်။ အခန်းထဲ၌ ဆော့တဲ့သူကဆော့ အလှပြင်တဲ့သူက ပြင် စကားပြောတဲ့ပြော စာရေးတဲ့သူကရေးနဲ့ ကိုယ့်စီအလုပ်တွေနဲ့ပေါ့။

ကျောင်းသားများ:အချောလေးတွေပဲ ငါတို့အခန်းကလား။

ဟာဝန်း:အပိုတွေ ဟုတရ် ဘေးဖယ်။

ကျောင်းသားများ:အချောလေးတွေက ငါတို့အခန်းကတဲ့။

ကျောင်းသူများ:အဲ့မှာ ထိုင်မဲ့သူရှိတရ်။ အနောက်တန်းသွားထိုင်။

ဆွန်းမီ:အပိုတွေပြောမနေနဲ့ လူရှိတရ်ဆို ဒီခုံက ဖုန်တောင်တက်နေမှာ မဟုတ်ဘူး။ ဖယ်

ဆွန်းမီ အဲ့ခုံကို ဖုန်သုတ်ကာ အဲ့မှာပဲ ထိုင်လိုက်တော့သည်။ ဟာဝန်းကတော့ ဆွန်းမီရဲ့ နောက်ခုံမှာ ထိုင်တရ်။ ကျောင်းသားကျောင်းသူတွေက သူတို့ကို သိပ်ဂရုမစိုက်ကြပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်နဲ့ပေါ့။ ဟာဝန်းကတော့ သူငယ်ချင်း အသစ်ပဲ လိုက်ရှာနေတော့တရ်။

ဟာဝန်း:ငါနဲ့ ဘယ်သူ သူငယ်ချင်းဖြစ်လာလောက်မလဲ။ ဆွန်းမီရာ နင်လဲ ကူရှာပေးပါအုံးဟာ။

ဆွန်းမီ:တော်ပါ ငါကတော့ နင်နဲ့ ဟွမ်ဒုံနဲ့ ရှိရင် သူငယ်ချင်းမလိုတော့ဘူး။

အဲ့အချိန် အခန်းထဲကို မှုန်မှုန်ကုပ်ကုပ် ဝင်လာတဲ့ ကျောင်းသူတယောက်ဟာ ဟာဝန်းရဲ့ ေဘးခုံကို လာထိုင်တော့တရ်။ ဟာဝန်းနဲ့ဆွန်းမီလဲ သူကို တချက်လောက်ကြည့်လိုက်ပေမဲ့ သိပ်တော့ အရေးမလုပ်ကြပါဘူး။ ဒီလိုနဲ့ ကျောင်းတက်ဆရာမလာတော့...

ဟာဝန်း:ရား ဆွန်းမီရာ ငါ ပုံနှိပ် မေ့ကျန်ခဲ့ပြီ။ ကျောင်းရဲ့ ပထမဆုံးနေ့ကို ငေါက်ခံရတော့မှာပဲ။

ဆောနာရီ:ရော့ ဒီမှာစာအုပ်။

အဲ့အချိန် ခုနက အခန်းထဲဝင်လာပြီ သူဘေးလာထိုင်တဲ့ ကောင်မလေးက စာအုပ်ငှားလိုက်တော့တရ်။ ဟာဝန်းတစ်ယောက် အရမ်းပျော်သွားတာပေါ့။ ကျောင်းဆင်းတော့ ဟာဝန်းက သူ့ကို စကားလိုက်ပြောပေမဲ့ သူကတော့ စကားအပြောမခံပဲ ထွက်သွားတော့တရ်။

That Girl In Boys Over FlowersTempat cerita menjadi hidup. Temukan sekarang