part 37

342 38 46
                                    

ဆွန်းမီတစ်ယောက် အပြန်လမ်းမှာ ဂျောင်ကုနဲ့ ဖြစ်ပျက်ခဲ့တဲ့အရာတွေ ကိုပဲတွေးနေမိပြီး ပြုံးနေမိတော့သည်။ ဒီလိုနဲ့အိမ်ရှေ့အရောက်...

ဆွန်းမီ:အမလေး လန့်လိုက်တာ။

အိမ်ရှေ့၌ ထွက်ပြီး မသက်ာစရာမျက်လုံးများနှင့်အတူ ရပ်စောင့်နေသော ဒုံဆူကိုတွေ့လိုက်တော့ ဆွန်းမီလန့်သွားတော့သည်။ လန့်သွားပုံက ပုံမှန်မဟုတ်။ မသိစိတ်ကနေ သူမရဲ့နှုတ်ခမ်းများကို လက်နဲ့လှမ်းဖုံးမိလိုက်တာပေါ့။

ဆွန်းမီ:ဒုံဆူရာ....နင်...နင်ဒီမှာ အိမ်ထဲမဝင်သေးပဲ ဘာလုပ်နေတာလဲ။ နှင်းတွေ ဒီလောက်ကျနေတာကို။

အဲ့အချိန် ဟိုဘက် မသက်ာမျက်လုံးများနဲ့...

ဒုံဆူ:အမ နင် ဂျောင်ကုနဲ့ kissလာတာမလား။

ဆွန်းမီ:အိုမို နင်မြင်လိုက်တာလား။ မဟုတ်သေးပါဘူး။ ရား နင်လို အသက်၁၁ နှစ်က အဲ့လိုမဟုတ်တာတွေ ပြောရလား။

ဒုံဆူ:ဒါဆို အမက hyungနဲ့ မနမ်းဖူးဘူးပေါ့။

ဒုံဆူဒီလိုပြောလိုက်တော့ ဟိုကြည့်ဒီကြည့်နဲ့ ပြန်မဖြေ။

ဒုံဆူ:လိမ်နေတာ။ အကိုဂျောင်ကုက စမနမ်းလို့ဆိုရင်တော့ ယုံလိုက်မယ်။ အမဘက်က ​ပြန်မနမ်းတာဆိုရင်တော့ မယုံဝူး။

ဆွန်းမီ:ရား ဒီကောင်လေး အမကို အထင်သေးလှချည်လား။ နင့်အမကို ဘာများထင်နေတာလဲ။

ဒုံဆူ:​hyungမို့ အမကိုကြိုက်တာ။ တခြားလူဆိုကြိုက်မှာမဟုတ်ဘူး။ အဲ့တခြားလူထဲမှာ hyung ဂျီမင်တော့ မပါဘူး။

ဆွန်းမီ:ရား နင်ဘာတွေပြောနေတာလဲ။

ဒုံဆူ:အမ မသိတာလား။ hyungဂျီမင်ကလဲ အမကိုကြိုက်နေတယ်။ ခုနက တချိန်လုံး အမကိုပဲ ကြည့်နေတာ။

ဒုံဆူဒီလိုပြောလိုက်တော့ သိနေသလို ပုံစံမျိုးနဲ့ ဘာမှပြန်မဖြေပဲ ခေါင်းငုံ့နေလိုက်တော့သည်။

ဆွန်းမီ:ရား အပြင်မှာ အေးတယ်။ အိမ်ထဲဝင်တော့။

ဘာမှမဖြစ်သလို စကားလမ်းကြောင်းလွှဲကာ ဒုံဆူ ကို ငေါက်ပြီး အိမ်ထဲဝင်ခိုင်းလိုက်တော့သည်။ အခန်းထဲရောက်တော့...

That Girl In Boys Over FlowersWhere stories live. Discover now