Episode 1

40.6K 521 25
                                    

အဆက်မပြတ်ဝင်လာတဲ့ဖုန်းကို

​မေရွက်ဝါ ငေးစိုက်ကြည့်နေမိသည်။

မကိုင်နဲ့... သနားပြီးမကိုင်နဲ့...

ဦးနှောက်ထဲကအကြိမ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ်အသိပေးနေပေမဲ့

လက်ကဖုန်းဆီအလိုလိုရောက်သွားခဲ့သည်။

" ဘာပြောဦးမလို့လဲ နိုင်း"

"မင်းပြောခဲ့တာတွေအားလုံး... တကယ်လား
ကိုယ့်ကိုမေ့ပစ်တော့မယ်ဆိုတာသေချာလား"

နိုင်းရဲ့ပုံစံက ခပ်ညစ်ညစ်ပုံစံပင်

" နိုင်းမူးနေပြန်ပြီလား...
အရာအားလုံးအတွက်
မေရွက်တို့ပြီးဆုံးသွားပြီလေ
ကိုယ့်ဘဝကိုယ်ဆက်လျောက်ကြတာပေါ့"

ပါးစပ်ကပြောနေရင်းပင် နှလုံးသားတွေဟာတစ်စုံတစ်ယောက်က မွချေထားသလိုနာကျင်နေခဲ့သည်။

" မေရွက်ဝါ... ကိုယ့်နားကမထွက်သွားပါနဲ့
ကိုယ် မေရွက်ဝါကို သိပ်ချစ်တယ်"

"ကိုယ်တကယ်ချစ်တာပါ"

နိုင်းဘက်က မမျှော်လင့်ပဲထွက်လာသောစကားလုံးကြောင့် သူမရဲ့ ကမ္ဘာဟာ ရုတ်တရက်ရပ်တန့်သွားခဲ့တော့သည်။

နိုင်းက မေရွက်ကို ချစ်တယ်တဲ့လား...

နိုင်းကဘယ်တုန်းကမှ နှလုံးသားကိုဦးစားမပေးမဲ့လူတစ်ယောက်ဆို

နိုင်းပြောဖူးသလို မေရွက်လိုမိန်းမကို
နိုင်းက သာယာဖို့သက်သက်ကလွဲရင် ချစ်ဖို့မစဉ်းစားဘူးတဲ့လေ...

အခုအချိန်ကျမှ...
ချစ်တယ်တဲ့လား

တစ်ဖက်မှ ငိုသံကိုပါပီပီပြင်ပြင်ကြားလိုက်ရတာမို့
မေရွက်ဝါရင်တွေကွဲတော့မလိုခံစားလိုက်ရသည်။

​နိုင်း ငိုနေတာ မေရွက်ဝါတစ်ခါမှမမြင်ဖူးခဲ့ပါ...

အမြဲတမ်းအတွက်
နိုင်းက မေရွက်ဝါအချစ်ဆုံးယောကျာ်းပဲ...

အကြိမ်ကြိမ်အော်ပြောခဲ့လည်း နိုင်းဟာဘယ်တော့မှလှည့်မကြည့်ခဲ့ဖူးပါ...

Friends With BenefitsWhere stories live. Discover now