မေရွက်ဝါကိုတည့်တည့်ကြည့်နေတဲ့ နိုင်းရဲ့မျက်ဝန်းတွေသည် ရုတ်တရက်ကြီးအရောင်တွေပြောင်းလဲသွားခဲ့သည်။အခန်းအတွင်းကလေထုကလည်းကြောက်မက်ဖွယ်ကောင်းလောက်အောင်သိသိသာသာအေးစက်နေခဲ့သည်။
" ကိုတို့တွေအစကနေပြန်စဉ်းစားသင့်ပြီ"
တိတ်ဆိတ်နေတဲ့အခန်းအတွင်းထိုးခွင်းလိုက်သည့်
နိုင်း၏စကားသည် ဘာကိုဆိုလိုနေမှန်း
မေရွက်သိလိုက်သည်။
အလိုမရှိတော့ထားခဲ့တော့မှာပဲပေါ့..." နိုင်း ...
ဘာတွေဖြစ်နေတာဟင်
မေရွက်ဘယ်နေရာများမှားသွားခဲ့လို့လဲ"ကိုယ်မမှားတဲ့အရာတစ်ခုမှန်းသိသိရက်နဲ့
အနားမှာဆက်နေရဖို့ မေရွက်ကြိုးစားမိနေဆဲပင်ချောက်ကမ်းပါးကကျခါနီးသားကောင်လို
လွတ်မြောက်ဖို့ထွက်လမ်းမရှိတော့အရှက်သိက္ခာဆိုတာလည်းမျက်ရည်တွေနဲ့အတူရောထွေးကျဆင်းနေခဲ့သည်။
" နိုင်းအကိုက... ဘာတွေပြောသွားလို့လဲ"
နိုင်းထားခဲ့တဲ့အချိန်တိုင်းမှာ
မေရွက်ဝါအတွက်သွေးရူးသွေးတန်းခံစားရမြဲဖြစ်သည်။
ဘယ်တုန်းကမှနိုင်းအတွက်ဆိုမာနမထားခဲ့ဖူးပါအခုလည်းသွေးရူးသွေးတန်းမေးနေတဲ့မေးခွန်းကိုနိုင်းကစိတ်မရှည်စွာသက်ပြင်းတွေချတော့သည်။
" သူကငါ့ကိုသေချာပြန်စဉ်းစားဖို့ပဲပြောသွားတာပါ"
မင်းတစ်လုံးငါတစ်လုံးချက်ချင်းဖြစ်သွားတာမို့
အရာရာဟာ မျက်လှည့်ပြလိုက်သလိုပင်"မင်းနဲ့ငါက အတူနေဖို့လောက်ထိ
မသင့်တော်ဘူးမေရွက်ဝါ
တောင်းပန်ပါတယ်
ဒီငွေလောက်ဆိုမင်းနစ်နာခဲ့တာတွေအတွက်
လုံလောက်မယ်လို့ထင်ပါတယ်"အရှေ့ကိုတိုးကပ်လာသောစာအိတ်အဖြူသည် ဘယ်ကတည်းကပြင်ဆင်ထားခဲ့သလဲမသိပါ။
" နိုင်းဘယ်လိုပြောလိုက်တာလဲ"
လူတစ်ယောက်ရဲ့သည်းခံနိုင်စွမ်းကို အဆုံးစွန်ထိပြတ်တောက်သွားအောင်လုပ်ယူနေတဲ့နိုင်းကို
ဘယ်လိုမှနားမလည်တော့ပါ။
![](https://img.wattpad.com/cover/289663364-288-k318447.jpg)
YOU ARE READING
Friends With Benefits
Romanceဘယ်သောအခါမှ ချစ်တယ်မပြောဖူးတဲ့ နိုင်းနဲ့ အကြိမ်ကြိမ်ချစ်တယ်လို့ပြောခဲ့ဖူးတဲ့မေရွက်ဝါ နှစ်ယောက်စလုံးဟာ အချစ်ထက် တခြားအရာတွေအတွက်သာယာဖို့သက်သက် သဘောတူညီချက်တချို့နဲ့ တွေ့ဆုံခဲ့ပြီး အရာရာနောက်ကျမှ တစ်ယောက်ကိုတစ်ယောက်မခွဲနိုင်တော့မှန်းသေချာတဲ့အခါ.....