Episode 10

8.5K 275 16
                                    

အပြန်ပြန်အလှန်လှန်ကြော်နေမိသော
အသားပြားတွေသည် အညိုရောင်သန်းလာရာမှ
တူးသွားသည့်တိုင်အောင်မေရွက်ဝါသတိမပြုမိခဲ့

ညှော်နံ့ခပ်စူးစူးရမှသာ တူးနေမှန်းသိတော့သည်။

ဆေးရုံကဆင်းဆင်းချင်းမို့
အိမ်မှာသာအနေများတာမို့
ကိုယ်တိုင်ဟင်းချက်စားရတာဟာ
အလုပ်တစ်ခုဖြစ်လာသည်။

" ထပ်တူးသွားပြန်ပြန်"

စိတ်ပျက်လက်ပျက်ရေရွတ်ရင်း
စားချင်စိတ်မရှိတော့သည့်
ဒယ်အိုးထဲမှအကြော်များကို
အမှိုက်ပုံးထဲသို့သွန်လိုက်တော့သည်။

အခုအချိန်ထိ စိတ်နဲ့ကိုယ်နဲ့မကပ်သလို
အရာရာဟာထုံပေဝေဝါးနေခဲ့သည်။

ငိုဖို့အတွက်မျက်ရည်တွေမရှိတော့ပေမဲ့
လူကတော့ ဗလာနထ္ထိခံစားချက်တွေနဲ့ကျန်ရစ်ခဲ့ရသည်။

အသည်းကွဲတယ်ဆိုတာဒါလား...

အခုချိန်ထိမေရွက်ရဲ့ အိမ်တံခါး password
Laptop ထဲဝင်တဲ့ password အရာရာဟာ
နိုင်းရဲ့ မွေးနေ့သာထားဖြစ်သည်။

laptop wall paper ပေါ်က နိုင်းနဲ့ရိုက်ခဲ့တဲ့ပုံတွေကိုလည်းမဖျက်ပစ်ရက်ခဲ့
မပြောင်းပစ်ရက်ခဲ့ပါ။

နိုင်းက ငါ့ကိုမချစ်ဘူး
နိုင်းကငါ့ကိုမချစ်ဘူး

ကိုယ့်ကိုယ်ကိုယ်အားတင်းရင်းရေရွတ်နေမိတာတော်တော်ကြာတဲ့ထိဖြစ်သည်။

" Ring .... Ring"

ဝင်လာတဲ့ ဖုန်းကို ကြည့်လိုက်တော့ Tracy ထံမှဖြစ်သည်။

"ဟယ်လို" လေးပင်စွာဖြေပေမဲ့ တစ်ဖက်ကအသံကတော့စိတ်လိုလက်ရဖြစ်သည်။

" မေရွက် ... ငါတို့ နောက်ထပ်
အချီကြီးပွဲတစ်ပွဲလက်ခံထားတယ်
နင်ဆိုမှာမလား"

" အင်း Apex Group ကလွဲရင်ဆိုမယ်လေ"

" အေး သူတို့မဟုတ်တာသေချာတယ်
မင်္ဂလာဆောင်တစ်ခုမှာဆိုပေးရမှာကွာ
ကိုသော်ဇင်ရဲ့ ဘော်ဒါကြီးဆောင်တာ
ပြီးတော့ ဘန်ကောက်မှာဆိုတော့
ငါတို့လည်းလည်ရတာပေါ့"

Friends With BenefitsWhere stories live. Discover now