Episode 6

9.9K 279 23
                                    

ညကမိုးကတော်တော်သည်းထားခဲ့သည်ထင်​၏

မနက်မိုးလင်းလာတာတောင်
မိုးစက်ကလေးတွေဟာ
ပြတင်းတံခါးမှ ခိုတွဲနေဆဲပင်

ဆိုဖာပေါ်မှာခပ်ကွေးကွေးအိပ်နေသော
မေရွက်ဝါကို သူမနိုးရက်ပါ။
သူမလေးအိပ်ပျော်ပါစေ
သူ့ကြောင့်စိတ်ဆင်းရဲရတာတွေသိပ်များခဲ့တယ်မဟုတ်လား။

မေရွက်ဝါဝတ်ထားတာဟာသူ့ရဲ့ shirt အင်္ကျီဖြစ်တာမို့ ခပ်ပွပွဖြစ်နေကာကိုယ်လုံးသေးသေးလေးဟာမြုပ်ဝင်နေသလိုပင်။

သဘာဝအတိုင်းချစ်စရာကောင်းနေခဲ့သောသူမလေးကိုပထမဆုံးအကြိမ်အဖြစ်
ခိုးကြည့်မိတာဖြစ်သည်။

ဖုန်းကိုထုတ်ကြည့်လိုက်တော့ miss call တွေဆက်တိုက်ခေါ်ထားတာမို့သူသက်ပြင်းဖွဖွချလိုက်သည်။

ဖုန်း call တွေဟာ ကြည်ဖြူ့ဆီကရယ်
အဖေ့ဆီကရယ်
နောက်ပြီးအကို့ဆီကရယ်

မပြောမဆိုထထွက်လာသော သူ့ကို အဖေကတော့ မိုးမီးလောင်နေလောက်ပြီဟုတွေးမိသည်။

သို့ပေမဲ့သူ့ဆုံးဖြတ်ချက်တစ်ချို့ဟာပြတ်သားနေခဲ့သည်။

ဘာရယ်မဟုတ် အခုမှ မေရွက်ရဲ့ အခန်းလေးကို သေချာအသေးစိတ်လိုက်ကြည့်နေမိသည်။

စာအုပ်လေးတွေညီညာနေအောင်စီထားသောစာအုပ်စင်လေးကို သူလှန်လှောလိုက်တော့

ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ရဲ့ ဓာတ်ပုံကြောင့် သူပြုံးမိရက်သားဖြစ်သွားသည်။

မေရွက်ဝါရဲ့ အတိတ်အကြောင်းသူတစ်ခါမှမမေးဖူးပါ

တောင်တန်းတွေနောက်ခံထားတဲ့ ဝါလွင်လွင်ဂါဝန်နဲ့ ကောင်မလေးရဲ့အပြုံးတွေဟာ ကြည့်မိတဲ့သူ့ကိုပါပျော်သွားစေ​၏။

ဒါ... ရှမ်းပြည်လား မိုးကုတ်ဘက်လား တစ်နေရာရာဖြစ်ပါလိမ့်မည်

နောက်ခံရှုခင်းကိုကြည့်ရင်းနေရာဒေသကိုမခန့်မှန်းတက်ပေမဲ့
နောက်မှာရေးထားတဲ့ မှင်ပျက်ကာစလက်ရေးခပ်သော့သော့ဟာ
ဖတ်ကြည့်လို့တော့ရသေးသည်။

" မေရွက်ဝါလေး နှစ်ပြည့် အမှတ်တရ
ကောင်ဒန်ဂျီတောင်"

Friends With BenefitsTahanan ng mga kuwento. Tumuklas ngayon