ခန်းမကိစ္စ
ဖိတ်စာကိစ္စ
အရာအားလုံးကို ကိုကြီးဟာ
အားတက်သရောစီစဉ်နေပေမဲ့
မေရွက်အတွက်ပျော်ရွှင်မှုကမရှိသလိုပင်ဘယ်အရာကများ မေရွက်ရဲ့ပျော်ရွှင်မှုကို
ယခုထက်ထိ ချည်နှောင်ထားခဲ့သလဲမသိပါ" signing day ကို Church မှာပဲ လုပ်လိုက်တာပေါ့"
မေရွက်ပြောတော့ ကိုကြီးကမေရွက်ကို အတန်ကြာသည်ထိ ငေးကြည့်နေခဲ့သည်
" ရွက်ကလေး...
ကိုကြီးကိုချစ်ဖို့ရော
ကြိုးစားပေးမယ်မလား"မင်္ဂလာဆောင်ကို ချဲ့ရမဲ့အစား ချုံ့နေသော ရွက်ကလေးကို ကြည့်ရင်းသူရင်မောမိသည်။
သူမဝင့်မရဲပင်မေးခွန်းထုတ်ကြည့်တော့
ရွက်ကလေးဟာသူ့ကိုအသာအယာပင်ခေါင်းညိတ်ပြခဲ့သည်။ရွက်ကလေးကတကယ်ရော ကြိုးစားနိုင်ပါ့မလား
တကယ်ဆို သူကိုယ်တိုင်လည်းခံစားချက်မကောင်းပါ
ရွက်ကလေး က သူ့ကိုချစ်ရောချစ်လာပါ့တော့မလား
မျှော်လင့်လို့ရောရပါ့ဦးမလားဆိုတဲ့အတွေးက
သူ့ကိုအမြဲလိုလိုနှိပ်စက်နေခဲ့သည်။သူမနှလုံးသားထဲမှာ အမြစ်တွယ်နေခဲ့သော ထိုလူသားကိုကျော်ပြီး
သူ့ကိုမချစ်နိုင်မှန်းကိုတော့
သော်ဇင်ဟာ ကောင်းကောင်းနားလည်ထားပြီးဖြစ်သည်။ဒါ့ကြောင့်ပဲလားမသိ မင်္ဂလာဆောင်တဲ့နေ့ နီးကပ်လာလေလေ
သူဟာ စိတ်ကျဉ်းကျပ်မှုကြောင့် အိပ်မပျော်လေဖြစ်သည်။မေရွက်ပုံစံလေးကလည်းပျော်နေဟန်မတူပါ
အခုထက်တိုင်သူကြိုက်တဲ့အရာတွေနဲ့ နိုင်းနေခဆိုသောသူကြိုက်တဲ့အရာတွေကိုရောထွေးနေသေးသည်။
.
.
.မင်္ဂလာဝတ်စုံတွေရွေးတဲ့ဆိုင်ထဲရောက်တော့
အမျိုးစုံချိတ်ထားတဲ့ suit တွေထဲမှာမေရွက်ဝါဟာ
နက်ပြာရောင်ထင်းနေတဲ့ Tuxedo coat လေးကို
ဘာရယ်မဟုတ် လက်ကရောက်သွားသည်။Tuxedo coat ဝတ်ထားပြီးပုံသွင်းထားတဲ့စက်ရုပ်နဲ့တူခဲ့သောတစ်ချိန်ကတစ်စုံတစ်ယောက်ကိုဖျတ်ခနဲသတိရမိပြန်သည်။
ŞİMDİ OKUDUĞUN
Friends With Benefits
Romantizmဘယ်သောအခါမှ ချစ်တယ်မပြောဖူးတဲ့ နိုင်းနဲ့ အကြိမ်ကြိမ်ချစ်တယ်လို့ပြောခဲ့ဖူးတဲ့မေရွက်ဝါ နှစ်ယောက်စလုံးဟာ အချစ်ထက် တခြားအရာတွေအတွက်သာယာဖို့သက်သက် သဘောတူညီချက်တချို့နဲ့ တွေ့ဆုံခဲ့ပြီး အရာရာနောက်ကျမှ တစ်ယောက်ကိုတစ်ယောက်မခွဲနိုင်တော့မှန်းသေချာတဲ့အခါ.....