ချစ်လှစွာသောနိုင်း
ဘဝဆိုတာစာအုပ်လေးတစ်အုပ်ဖြစ်ရင်ကောင်းသားနော်
အဲ့ဒီလိုသာဆိုရင်မေရွက်တို့ရဲ့အဆုံးသတ်ကို ပျော်စရာကောင်းတဲ့အဆုံးသတ်နဲ့ ပြောင်းလဲရေးသားလိုက်ချင်ပါရဲ့
ခါးသီးတဲ့နေ့တွေကိုစာမျက်နှာပေါ်ကဆုတ်ဖြဲပစ်မယ်
စာအုပ်လေးထဲမှာ ကောင်းမွန်တဲ့အမှတ်တရတွေကိုပဲထပ်တလဲလဲရေးသားထားချင်တယ်စာမျက်နှာတွေဆုံးခန်းတိုင်တဲ့ထိပေါ့.....
.
.
.
.
.
.
တောင်တွေကိုအဆင့်ဆင့်ကျော်ဖြတ်ရင်းနောက်ဆုံးမျှော်လင့်ချက်တစ်ခုဖြစ်တဲ့
မြို့ငယ်လေးတစ်မြို့ထံ မေရွက်ဝါဟာအပြေးနှင်လာခဲ့တော့သည်။
တစ်ချိန်မှာရှိခဲ့ဖူးတဲ့ ချစ်ခြင်းတရားတွေဟာ
မဟောင်နွမ်းသေးဘူးလို့ယုံကြည်ဆဲပင်တောင်တစ်လုံးကိုကျော်ဖြတ်တိုင်း
နိုင်းနဲ့ နီးစပ်ရတော့မယ်ဆိုတဲ့အတွေးနဲ့အတူ
ခံစားချက်တွေဟာ လှိုက်မောရင်ခုန်ရသည်။" ဘယ်နှစ်မိုင်လိုသေးလဲဟင်အကို"
မကြာခဏမေးနေမိသော မေရွက်ကို
ကားသမားကတော့ စိတ်ရှည်လက်ရှည်ဖြေရှာသည်"ရှေ့ဆို လိန်းလီတံတားရောက်ပြီ
ရောက်တော့မှာပါအမ"မေရွက်တို့ကားလေးဟာ အရှိန်အဟုန်နဲ့ခရီးဆက်နေပေမဲ့ တိတ်ဆိတ်နေခဲ့သည်။
ရန်ကုန်မှ မနက် ကတည်းကတောက်လျှောက်မောင်းနှင်လာခဲ့တဲ့ ကားလေးဟာ ထမင်းစားတစ်ကြိမ်သာနားရသေးသည်။
ဒါကိုတောင်မေရွက်အဖို့ကြာလှပြီလို့ခံစားရသည်။
ရှည်လျားလွန်းတဲ့တောင်ကြောလမ်းဟာမဆုံးနိုင်တော့သလိုပင်
မြွေလိမ်မြွေကောက်လမ်းတွေကတဆင့် အိမ်လေးတွေစမြင်လာတော့ ပေါင်းလောင်းကိုရောက်မှန်းသိလိုက်ရသည်။
" ဒါဆိုရင်သိပ်မလိုတော့ဘူးပဲ"
စိတ်မှန်းနဲ့သာလာခဲ့ရသည်ဟိုရောက်လို့ နိုင်းကိုမတွေ့ပါကရင်မောရမှာကြောက်မိသည်။
YOU ARE READING
Friends With Benefits
Romanceဘယ်သောအခါမှ ချစ်တယ်မပြောဖူးတဲ့ နိုင်းနဲ့ အကြိမ်ကြိမ်ချစ်တယ်လို့ပြောခဲ့ဖူးတဲ့မေရွက်ဝါ နှစ်ယောက်စလုံးဟာ အချစ်ထက် တခြားအရာတွေအတွက်သာယာဖို့သက်သက် သဘောတူညီချက်တချို့နဲ့ တွေ့ဆုံခဲ့ပြီး အရာရာနောက်ကျမှ တစ်ယောက်ကိုတစ်ယောက်မခွဲနိုင်တော့မှန်းသေချာတဲ့အခါ.....