"ပန်းဝါဝါလေးတွေက
နိုဝင်ဘာလဆန်းဆိုရှိတက်တယ်
ခုချိန်ဆိုတစ်တောင်လုံးနေကြာပန်းရိုင်းတွေနဲ့ထိန်ထိန်တောက်နေလောက်ပြီ"ရှမ်းခေါက်ဆွဲဆိုင်ကအန်တီကြီး
စကားကြောင့် နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးပျော်သွားမိကြသည်။" ဒါနဲ့ ဟန်းနီးမွန်းလား
နှစ်ယောက်သားအရမ်းလိုက်တာပဲ"အန်တီကြီးရဲ့ လေသံဝဲဝဲစကားကို ရှက်ရှက်နဲ့ ပြန်မဖြေကြပေမဲ့ စားပွဲခုံအောက်မှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားခဲ့သော လက်တွေက ခိုင်မာနေခဲ့ပြီ
ဒီလက်ချောင်းလေးတွေကို
မီးရောင်မှိန်မှိန် မိုးတွေသည်းတဲ့ ညမှာစတင်
ထိတွေ့ခွင့်ရခဲ့ပေမဲ့တစ်သက်လုံးစာအတွက် မြဲမြံအောင်ဆုပ်ကိုင်ထားချင်တဲ့စိတ်ကူးက ဖွင့်မပြောပေမဲ့ကိုယ်စီရှိကြသည်။
" ဒီမှာ photographer ကောင်းကောင်းရှိလားအန်တီ"
နိုင်းစကားကြောင့် အန်တီကြီးက အတန်ကြာစဉ်းစားပြီးနောက်
" အန်တီ့တူလေးရှိတယ် တစ်နေ့တစ်နေ့ camera တစ်လုံးနဲ့ကလိနေတာ သားတို့ရိုက်မယ်ဆိုတပြားမှမပေးနဲ့ သူက ရိုက်စရာလူလိုက်ရှာနေတာ"
" ဟာမဟုတ်တာအန်တီကလည်း ကျွန်တော်တို့အဲ့ဒီ့ညီလေးနဲ့တွေ့လို့ရမလား"
ရေကန်အသင့်ကြာအသင့်မို့ နိုင်းနေခတစ်ယောက်ပြုံးမိသွားတော့သည်။
ဟိုးအဝေးမှာရှမ်းတောင်သူတွေချယ်ထားတဲ့ပန်းချီကားတွေ......
နောက်ပြီးတိမ်ပန်းချီတွေ......
ပြီးရင် ခြေလှမ်းတိုင်းမှာဖူးပွင့်နေတဲ့ ပန်းဝါဝါတွေ.....
အဖေနဲ့ မိသားစုလိုက်လာခဲ့တုန်းကအတိုင်းပဲ ဒီနေရာလေးဟာ မပြုမပြင်ထားပဲလှနေလိုက်တာ
ဘာရယ်ကြောင့်လဲမသိ နိုင်းက မေရွက်ကို ဂါဝန်ဝါဝါလေးဝတ်စေခဲ့သည်
အတိတ်မှာ ပြုံးခဲ့တဲ့ အပြုံးတွေကို ပြန်အသက်ဝင်စေချင်တယ်တဲ့လေ

DU LIEST GERADE
Friends With Benefits
Romantikဘယ်သောအခါမှ ချစ်တယ်မပြောဖူးတဲ့ နိုင်းနဲ့ အကြိမ်ကြိမ်ချစ်တယ်လို့ပြောခဲ့ဖူးတဲ့မေရွက်ဝါ နှစ်ယောက်စလုံးဟာ အချစ်ထက် တခြားအရာတွေအတွက်သာယာဖို့သက်သက် သဘောတူညီချက်တချို့နဲ့ တွေ့ဆုံခဲ့ပြီး အရာရာနောက်ကျမှ တစ်ယောက်ကိုတစ်ယောက်မခွဲနိုင်တော့မှန်းသေချာတဲ့အခါ.....