ချစ်ခြင်းမေတ္တာကိုလူချမ်းသာတွေကတော့ဘယ်လိုဖော်ကျူးကြလဲမသိပါတန်ဖိုးအကြီးဆုံးအရာတွေပေးကြလား
အကောင်းဆုံးအရာတွေဖန်တီးပြကြတာလား
ဒါမှမဟုတ်ပေးဆပ်အနစ်နာခံခြင်းတွေနဲ့ပဲလား
ဘယ်လိုပဲဖော်ကျူးအဓိပ္ပာယ်သတ်မှတ်ကြပါစေ
Canvas ပေါ်က ပန်းချီကားတစ်ချပ်မှာလည်း
ညအိပ်ရေးပျက်ရခြင်းတွေပါသည်။မေရွက်ဝါဖန်တီးထားတဲ့ ကားချပ်ထဲမှာတော့ နိုင်းဟာ ပြုံးနေသည်။
နိုင်းကအပြုံးတစ်ခုကိုပင်တွန့်တိုတက်သည့်သူမို့
ပန်းချီကားထဲမှာတော့ နိုင်းကို အားရပါးရပြုံးနေအောင်ဖန်တီးခဲ့သည်။ပန်းချီကားချပ်ဟာအကြီးကြီးတော့မဟုတ် canvas ခပ်သေးသေးပေါ်မှာရေးဆွဲထားခြင်းပင်ဖြစ်သည်။
နိုင်းနဲ့ မေရွက်ဝါ စတွေ့ခဲ့တာ ဒီနေ့ဆိုရင် တစ်နှစ်တိတိပြည့်တဲ့နေ့
ချစ်သူတွေမဟုတ်ပေမဲ့ အမှတ်တရလက်ဆောင်တော့ပေးခွင့်ရှိမှာပါလို့ မေရွက်ဝါတွေးမိသည်။
ထူးထူးခြားခြား နိုင်းကလည်း ဒီညdinner တူတူစားကြမယ်တဲ့လေ
အလှဆုံးဆင်ယင်ထုံးဖွဲ့ရင်း
မေရွက်ဝါထွက်လာတော့
တချို့သော ပတ်ဝန်းကျင်ကမျက်လုံးတွေဟာ မေးငေါ့ကြတော့၏
sponsor ရသွားပြီ
အချိန်တန်ထားခဲ့ခံရမှာ
အပျော်မယား စတဲ့ အသုံးအနှုန်းခပ်ကြမ်းကြမ်းတွေ
ထိအပြောခံရဖူးသည့်မေရွက်ဝါသည် မဖြုံတော့ပါ။တစ်ခါတစ်လေ နိုင်းကမေရွက်ဝါအိမ်ကိုလာလာနေတက်တော့
ဇိမ်ကျကျနေချင်တဲ့နိုင်းက မေရွက်ဝါရဲ့တိုက်ခန်းတစ်ခုလုံးသူ့စိတ်ကြိုက်တိုက်ခန်းလေးကိုမွန်းမံပြင်ဆင်ထားသည်။
ဝန်ခံပါသည်
နိုင်းရောက်လာကတည်းက မေရွက်ဝါရဲ့တိုက်ခန်းလေးဟာ အတော်လေးပြည့်ပြည့်စုံစုံဖြစ်လာခဲ့သည်။သို့ပေမဲ့ နိုင်းဘက်ကအလိုက်တသိဖြည့်ဆည်းပေးတာထက်ဘယ်တုန်းကမှပိုပြီးတောင်းဆိုတာမျိုးမရှိခဲ့ဖူးပါ။
YOU ARE READING
Friends With Benefits
Romanceဘယ်သောအခါမှ ချစ်တယ်မပြောဖူးတဲ့ နိုင်းနဲ့ အကြိမ်ကြိမ်ချစ်တယ်လို့ပြောခဲ့ဖူးတဲ့မေရွက်ဝါ နှစ်ယောက်စလုံးဟာ အချစ်ထက် တခြားအရာတွေအတွက်သာယာဖို့သက်သက် သဘောတူညီချက်တချို့နဲ့ တွေ့ဆုံခဲ့ပြီး အရာရာနောက်ကျမှ တစ်ယောက်ကိုတစ်ယောက်မခွဲနိုင်တော့မှန်းသေချာတဲ့အခါ.....