Episode 13

8.4K 265 16
                                    

မျက်လုံးတွေလူးလွန့်လှုပ်ရှားရင်း အသာအယာဖွင့်ကြည့်လိုက်တော့
နှာခေါင်းထဲကိုဆေးနံ့စူးစူးကတိုးဝင်လာခဲ့သည်။

ဆေးရုံတစ်ခုကိုရောက်နေတယ်ဆိုတဲ့အသိက
သူ့ကိုပိုနာကျင်စေသည်။

ငွေကြေးကလွဲရင်အရာရာချို့တဲ့သောသူတစ်ယောက်အတွက်
ဘဝတစ်ခုကိုအသစ်ကပြန်စရတာကမှ
တော်ပါဦးမည်
ယခုဘဝမှာပတ်ချာလည်နာကျင်နေရတာပင်ပန်းလွန်းလှပြီဖြစ်သည်။

မျက်နှာကြက်ဖြူဖြူကိုငေးစိုက်နေတုန်းနားထဲကိုဝင်လာတဲ့အသံတစ်ခုကိုကြားလိုက်ရသည်
" ခင်ဗျားသက်သာလား"
သက်သာလားလို့ဂရုတစိုက်မေးနေသော
သော်ဇင်ကို နိုင်းနေခဟာအသာအယာ
ခေါင်းညိတ်ရင်းတုံ့ပြန်လိုက်သည်။

" အခုတော့ အားလုံးသိသွားပြီပေါ့"

ခပ်တိုးတိုးရေရွတ်ရင်း ပြုံးတော့

ကိုသော်ဇင်ဟာ သူ့ကိုစေ့စေ့သာကြည့်နေသည်။

" မေရွက်ဝါကိုထားခဲ့တာ ဒါကြောင့်လား"

တစ်ခွန်းချင်းပီပီသသမေးလိုက်တဲ့ သော်ဇင့်စကားကို
နိုင်းနေခဟာပြန်မဖြေပါ။

" ဒါ့ကြောင့်လားလို့"

ဒီတစ်ကြိမ်တော့ သော်ဇင်ရဲ့အသံဟာခပ်ကျယ်ကျယ်ထွက်လာခဲ့သည်။

ထိုမှသာနှုတ်ဆိတ်နေသောနိုင်းနေခသံမှစကားသံထွက်လာတော့သည်။

" ဟုတ်တယ်
ကျွန်တော် မေရွက်ဝါကိုရင်နာနာနဲ့
အဝေးကိုပို့ခဲ့တာ
ဒါပေမဲ့ခဏခဏ လွမ်းတိုင်း
သူ့ဆီရောက်ဖို့ ကြိုးစားနေမိတဲ့
ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ခဲ့ဘူး
အဲ့ဒီ့အတွက် ကျွန်တော်
ကိုသော်ဇင်ကိုတောင်းပန်ပါတယ်"

နိုင်းနေခ ပြောတဲ့စကားကို သူဟာကြားပေမဲ့ ရပါတယ်ဟု
ပြန်မဖြေဖြစ်ပါ

သူဟာဒီလောက်သဘောကောင်းတဲ့လူမျိုးတော့မဟုတ်ခဲ့

ရင်ထဲမှာ စိုးထိတ်တဲ့ခံစားချက်ကလွဲရင်ဘာမှရှိမနေတော့ပါ

Friends With BenefitsWhere stories live. Discover now