part -1 (Unicode & Zawgyi )

5K 69 4
                                    

-Unicode

ညသန်းခေါင်ကျော် မြည်လာသော ph သံကြောင့် ဘုန်းပြည့်တေဇမောင် အိပ်နေရာမှ နှိုးလာသည် ။

Ph ကို ကိုင်လိုက်တော...

"ဘုန်းပြည့်ရေ ငါ ထက်မြတ်ပါ
မင်းကောင် နေကိုကိုး
ငါ့ bar မှာ တော်တော်လွတ်နေတယ်
မင်းကိုအသိပေးတာ ဘေးမှာလည်း
ကောင်မလေး တစ်ယောက်နဲ့ "

"ကျစ်.... ဒီကောင်ကို ကျွန်တော်မပါရင် မသွားပါနဲ့လို့ သေချာမှာထားရက်နဲ့ကွာ
အခုထွက်လာပြီ "

ဘုန်းပြည့်တစ်ယောက် ဝတ်ထားတဲ့ pajamas
ကို ချွတ် တွေ့တဲ့ဟာတွေကောက်စွပ်ပြီး
ကားသော့ ယူခါ အမြန်ထွက်လာခဲ့သည်။

Barကိုရောက်တော့ ကိုးရဲ့ဘေးမှာ ခပ်ဟော့ဟော့မိန်းကလေးတစ်ယောက်
ကိုး ကို တွဲပြီးထွက်လာသည်။
ကိုးကတော့ ခေါင်းမထောင်နိုင်လောက်အောင်မူးနေပုံ

"ညီမ စိတ်တော့မရှိနဲ့ အစ်ကို့သူငယ်ချင်းကိုလာခေါ်တာ
ညီမ အဆင်ပြေသလို ပြန်လိုက်ပါ"

"ညီမနဲ့ hotel သွားဖို့ ကိုးက သဘောတူပြီးပြီ
အစ်ကိုဝင်မရှုပ်နဲ့"

"ကိုးရဲ့ကားကို မင်းယူလိုက်
မင်းလိုချင်တာဒါပဲမလား အပိုမပြောချင်ဘူးငါ
ကောင်းကောင်းပြောနေတယ် မိန်းကလေးတစ်အပေါ် ငါ မကြမ်းချင်ဘူး "

"အိုကေလေ နောက်မှ လာပြန်မတောင်းကြေးနော် ဘဲကြီး"

"ကားတစ်စီးလောက်နဲ့ ဘဝပျက်မသွားဘူး
မင်းလစ်လိုက်တော့
နောက် ကိုးကို ထပ်ပြီး မပတ်သတ်နဲ့
ကိုးဘေးမှာထပ်တွေ့ရင်တော့ ငါ့အဆိုးမဆိုနဲ့ "

ကိုးပွေရှုပ်သမျှ ဒိုင်ခံ ဖြေရှင်းပေးနေကျမို့
ကားတစ်စီးလောက်ကို ဘုန်းပြည့် မမှုပါ

ကိုး ကို တွဲခေါ်မနေတော့ပဲ ပွေ့ချီပြီး
car parking စီသို့ ခေါ်လာခဲ့သည်။

ကားတံခါးဖွင့်ကာ ထိုင်ခုံပေါ်တင်ပေးလိုက်ပြီး
ခါးပတ်ကြိုးများကိုပါသေချာ တပ်ပေးလိုက်သည်။

အချိန်ကလည်း မနက် ၂နာရီထိုးနေပြီ
ကိုးအိမ်ကိုလည်း ပြန်ပို့လို့မရ
ဘုန်းပြည့်ရဲ့အိမ်ကို ခေါ်ရအောင်လည်း
ကိုးပုံစံက တော်တော် ရုပ်ပျက်နေပြီမို့
သူငယ်ချင်းတွေနဲ့ chill ရန်
သီးသန့်ဝယ်ထားတဲ့ condo စီသာခေါ်ခဲ့ရသည်။

ဆန်းကျယ်သောချစ်ခြင်း (ongoing)Where stories live. Discover now