-Unicode
အချိန်အားဖြင့် ညနေ5နာရီ
နေကျတဲ့အချိန် ဖြစ်တာကြောင့်
အခန်းရဲ့မှန်တံခါးစီမှ တစ်ဆင့် ကိုး အပြင်ဖက်သို့လှမ်းကြည့်လိုက်တော့ နေရဲ့အရောင်က
ရွှေရောင်ဘက်သန်းနေပြီး ဓာတ်ပုံ ရိုက်ဖို့ အကောင်းဆုံးအချိန်မို့ ဘေးနားမှာ တချိန်လုံး
လာကပ်ကာ အိပ်နေသော ငချွဲတုန်းရဲ့ ဖင်ကို
တစ်ချက်ရိုက်ကာ နှိုးလိုက်သည်။"ထတော့ ညနေစောင်းထိအိပ်ပြီး ဖျားနေမယ်
ငါ့ကို ဓာတ်ပုံလိုက်ရိုက်ပေး swimming pool
နားမှာ ""ကိုးရေကူးမို့လား အဲ့တာဆို မောင် လူတွေရှင်းခိုင်းထားပြီး ရေပါ တစ်ခါတည်း အသစ်ထည့်ခိုင်းလိုက်မယ်"
"ဟာ မလိုပါဘူးအဲ့လောက်ထိ...မင်းက ဒီဟော်တယ်ရဲ့ ပိုင်ရှင်ဆိုပေမယ့် customersတွေကို လေးစားရမယ်လေ
ငါ့အတွက်နဲ့ အဲ့လိုလုပ်ဖို့မလိုပါဘူး""မောင့်အတွက် ကိုးက အရေးအကြီးဆုံး"
"အပိုတွေပြောမနေနဲ့ ထထ မြန်မြန်သာ ထ"
နှစ်ယောက်လုံး ရေကူးတဲ့ဘောင်းဘီတစ်ထည်သာ အတွင်း၌ပါပြီး အပေါ်က bathrobeကို ထပ်ကာ ရေကူးကန်စီသို့ ထွက်လာကြသည်။
အရပ်အမောင်းကောင်းကောင်း အသားဖြူဖြူနဲ့ ကောင်လေးနှစ်ယောက် ရောက်လာတော့
ရေကူးကန်က ပျိုမဒီတွေရဲ့ မျက်လုံးက သူတို့နှစ်ဦးစီမှာ
ဘုန်းပြည့်မှာ ကိုးခေါ်လို့သာ လိုက်လာရတယ်
လူက အိပ်ချင်မူးတူးနဲ့"ငါရေသန့် အရင်သွားချိုးလိုက်အုံးမယ်
ဒီခုံမှာ ခဏထိုင်စောင့် နေမကျခင် ဓာတ်ပုံရိုက်ချင်တာနော် ""အင်း....မောင် ဒီခုံတန်းမှာ အိပ်ရင်းစောင့်နေမယ် "
ကိုး ရေသွားချိုးပြီး ပြန်လာတဲ့အချိန် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါသကထောင်းကနဲ
ထွက်သွားရသည်။ထိုမြင်ကွင်းမှာမူ
မောင့်ကို တဖက်က ကောင်မလေး အုပ်စုက
Phနဲ့ လှမ်းချိန်ကာ ဓာတ်ပုံရိုက်နေခြင်း....
မောင့်ရဲ့ အနေအထိုင် မတတ်မှုကတော့
Bathrobe က ကြိုးပြေနေတော့ ရင်ဘတ်နဲ့ ဗိုက်သားများပေါ်နေရုံသာမက
ပေါင်ကြားက ဖုဖုဖောင်းဖောင်းကိုပါ မှန်းတတ်ရင် မြင်နေရသည်
ဒူးတစ်ချောင်းထောင် လက်ကို ခေါင်းအောက်ထားကာ ပလက်ခုံပေါ် အိပ်နေတာမို့
Sexy ကျလွန်းနေသည်။
ဒီလိုမြင်ကွင်းမျိုး သူတစ်ယောက်ထဲသာ မြင်ချင်သည် ။
YOU ARE READING
ဆန်းကျယ်သောချစ်ခြင်း (ongoing)
RomanceGay couples တွေဖြစ်ပြီး Dragon Power Hotel နဲ့ Traveling လုပ်ငန်းပိုင်ရှင် ဦးရှိန်းတေဇ နဲ့ ဦးမြတ်နိုးမောင်တို့ရဲ့ တစ်ဦးတည်းသောသား ဘုန်းပြည့်တေဇမောင် (Doctor is mine က ရှိန်းတေဇနဲ့ မြတ်နိုးမောင်ရဲ့ Fictionပါ) ဆွေစဉ်မျိုးဆက်ချမ်းသားလာခဲ့တဲ့ Diamond...