-Unicodeဘုန်းပြည့်တို့ အိမ်က သုံးထပ်တိုက်
အလုပ်သမား တန်းလျားက ခြံထဲမှာသပ်သပ်ရှိပြီး
ခြံထဲမှာတော့ ဘုန်းပြည့် ပါပါးရဲ့အကြိုက်
ပန်းပင်လေးတွေ လှလှပပ စိုက်ပျိုးပေးထားသည်။အောက်ဆုံးအထပ်မှာ ဧည့်ခန်းကျယ်
ထမင်းစားခန်း မီးဖိုချောင်ရယ်
အသုံးမလိုတဲ့ ပစ္စည်းတွေထားတဲ့ စတိုခန်း၂ခန်းလောက်ရှိတယ်
ဒုတိယထပ်မှာတော့ ဘုန်းပြည့်နဲ့ကိုးအတွက်
အိပ်ခန်းကျယ်တစ်ခန်း
သူတို့နှစ်ယောက်ရဲ့ အဝတ်အစား ဖိနပ် စတဲ့ အသုံးအဆောင်တွေ ထားတဲ့အခန်း
ဘုန်းပြည့်ရဲ့ အလုပ်လုပ်တဲ့ စာဖတ်ခန်းတွေနဲ့ ဖွဲ့စည်းထားပြီး
အပေါ်ဆုံးထပ်ကတော့ ဘုရားခန်းနဲ့ ဒယ်ဒီတို့နှစ်ယောက် နေကြသည်။ဒယ်ဒီတို့ကလည်း LGBT တွေမို့
ဘုန်းပြည့်တို့ relationship ကြား ဘာမှဝင်ရောက်စွက်ဖက်ချင်းမရှိပဲ
လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးထားပြီး
ပေါ့ပေါ့ပါပါးပဲ နေကြတဲ့ မိသားစုတွေဖြစ်တာကြောင့် ကိုးအတွက်အဆင်ပြေလှသည်။အဲ့တာကြောင့်လည်း ကိုး အရင်ကအကျင့်တွေမပြင်
တနေကုန် ကားတစီးနဲ့ လျှောက်သွားပြီး
အချိန်မရှိမှ အိမ်ပြန်လာတတ်သည် ။ကိုး အပြင်က ပြန်လာတော့
ဘုန်းပြည့် အိပ်နေပြီအထင်နဲ့ ခြေဖွဖွလျှောက်ကာ ကုတင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲချလိုက်တော့"ဘယ်အချိန် ရှိနေပြီလဲ ကိုး "
"မင်း မအိပ်သေးဘူးလား ငါက အိပ်နေပြီတောင်ထင်တာ "
"ကိုး မရှိရင် မောင် အိပ်မပျော်တာ သိရက်နဲ့
လွမ်းနေတာပေါ့
ရုံးက ပြန်ရောက်ရင် မျက်နှာလေးတွေ့ချင်တာကို ကိုးက လျှောက်သွားနေတော့တာပဲ "ဘုန်းပြည့် ကိုးရဲ့ ရင်ခွင်ထဲကို အတင်းတိုးဝင်ပြီး
"ဟုတ်တယ် ဒီအနံ့လေးကိုလွမ်းတာ "
"ဖယ်ပါ ငါပင်ပန်းလာတယ် ရေချိုးရအုံးမယ် "
"ဘယ်သူကရော အဲ့လို အပြင်တွေကို အတင်းထွက်ခိုင်းနေလို့ ပင်ပန်းလာရတာလဲပြော...
နောက်နေ့ မသွားနဲ့တော့ မောင်မကြိုက်ဖူး"
![](https://img.wattpad.com/cover/289744096-288-k383689.jpg)
YOU ARE READING
ဆန်းကျယ်သောချစ်ခြင်း (ongoing)
Storie d'amoreGay couples တွေဖြစ်ပြီး Dragon Power Hotel နဲ့ Traveling လုပ်ငန်းပိုင်ရှင် ဦးရှိန်းတေဇ နဲ့ ဦးမြတ်နိုးမောင်တို့ရဲ့ တစ်ဦးတည်းသောသား ဘုန်းပြည့်တေဇမောင် (Doctor is mine က ရှိန်းတေဇနဲ့ မြတ်နိုးမောင်ရဲ့ Fictionပါ) ဆွေစဉ်မျိုးဆက်ချမ်းသားလာခဲ့တဲ့ Diamond...