-Unicode
ကိုးအိပ်ယာနိုးနိုးချင်း ဘေးဘီကိုစမ်းကြည့်တော့
ဗလာကျင်းနေ၏
မျက်လုံးဖွင့်ကြည့်လိုက်တော့
တကယ်ဘေးမှာ ဘုန်းပြည့်ရှိမနေ
စားပွဲခုံပေါ်မှာ ဆန်ပြုတ်တစ်ခွက်နဲ့ နွားနို့
ပြီးတော့ စာတစ်စောင်📝ကိုးရေ ....ကိုးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကြောင့် မောင်မနှိုးပဲ ထသွားလိုက်တာပါ
မောင် ဟော်တယ်မှာ စီမံစရာတွေရှိတာတွေစီမံပြီး မောင်အမြန်ပြန်လာခဲ့မယ်နော်...မနေ့ညက ကိုးပင်ပန်းထားလို့ အားရှိအောင် မနက်စာလေးစားနော် အရမ်းချစ်တယ် မောင့်ရဲ့ကိုးလေး 📝ကိုးစာကို ဖတ်ပြီး ပြုံးမိသည်
ဒီလူဟာ ပိုကို ပိုသည်မဟုတ်လား
smsပို့တာ ဖြစ်ဖြစ် phဆက်တာ ဖြစ်ဖြစ်လုပ်လို့ရသားနဲ့ စာတတန် ပေတတန် ချန်ထားခဲ့ရသေး
ကြည်နူးမှုလေးတော့ ဖြစ်မိသားကိုးဘဝက သူနဲ့သာ လက်မထပ်ဖစ်ခဲ့ရင်
အခုချိန်မှာ မြောင်းထဲ ရောက်နေမှာလားမသိ
ဂရုစိုက်တာလည်း လွန်ပါရော
လိုလေသေ့မရှိအောင်ထားပြီး
အခုထိ ဘာအလုပ်မှလည်းမလုပ်ခိုင်း
သူလိုချင်တဲ့အခါဆိုရင်သာ ဆိူးပေမယ့်
ကျန်တဲ့အချိန်ဆို မောင်က ချစ်ဖို့ကောင်းတာအမှန်ပင်
ဘယ်အချိန်က ချစ်မိသွားတယ်မသိပေမယ့်
ကိုးလည်း မောင့်ကို ချစ်သည်
မောင်ပေးသလို ဂရုစိုက်မှုမျိုးတွေ မပေးတတ်ပေမယ့် နည်းနည်းတော့ အလျော့ပေးချင်စိတ်တွေဖြစ်လာမိတာအမှန်ပင်....ကိုး တွေးနေတာကို ရပ်လိုက်ပြီး
ရေမိုးချိုးကာ မောင်ပြင်ပေးထားတဲ့ မနက်စာကိုစားပြီး နွားနို့ခွက်ကိုင်ကာ ဝန်ရံတာကို ထွက်လာခဲ့တော့ဟော တွေ့ပါပြီ ကိုလူချောက hotel garden ထဲမှာ လက်ငြိုးထိုးပြီး သူ့တပည့်ကို ဆူငေါက်နေတယ်ထင်ပါ့ မျက်မှောင်ကြီးကုတ်ပြီး
မောင်အလုပ်လုပ်နေတဲ့ ပုံစံကို ခဏခဏ မြင်ဖူးပါရဲ့နဲ့ ဒီနေ့မှ မောင်ကပိုပြီး ဆွဲဆောင်မှု ရှိနေသရောင်ရောင်
လူတွေအပေါ်လည်း ဩဇာကအပြည့်
ရုပ်ကြည့်တာနဲ့တင် ရှိန်ပြီး ကြောက်စရာပုံစံမျိုး
သူ့ရဲ့ other sideကိုတော့ ကိုယ်တစ်ယောက်ထဲသိတာလေ
မောင်က အလုပ်လုပ်ရင် တိကျပြီး ဇီဇာကြောင်လို့ ဝန်ထမ်းတွေက တုန်နေအောင်ကြောက်ကြတာလည်းလွန်ရော
YOU ARE READING
ဆန်းကျယ်သောချစ်ခြင်း (ongoing)
RomantikGay couples တွေဖြစ်ပြီး Dragon Power Hotel နဲ့ Traveling လုပ်ငန်းပိုင်ရှင် ဦးရှိန်းတေဇ နဲ့ ဦးမြတ်နိုးမောင်တို့ရဲ့ တစ်ဦးတည်းသောသား ဘုန်းပြည့်တေဇမောင် (Doctor is mine က ရှိန်းတေဇနဲ့ မြတ်နိုးမောင်ရဲ့ Fictionပါ) ဆွေစဉ်မျိုးဆက်ချမ်းသားလာခဲ့တဲ့ Diamond...