-Unicodeဒီရက်ပိုင်းတွေမှာ ဘုန်းပြည့် အလုပ်ရှုပ်နေသည်ကများတာမို့ ကိုး တစ်ယောက်ထဲ
စိတ်ပြေလက်ပျောက် shopping ထွက်ခဲ့သည်။
မောင်သာ သိရင် စိတ်ဆိုးမှာတော့အမှန်ပင် သူမပါပဲ အပြင်ထွက်တာကို
လုံးဝပင် မကြိုက်သောသူလေ...သူကျ အချိန်မပေးနိုင်တာက များ အလုပ်ကို ဦးစားအရမ်းပေးနေတဲ့သူကြီးပေါ့ကားပါကင်မှာ ကားကိုထားပြီး liftနဲ့
အပေါ်သို့တက်လာရင် 3လွှာလောက်ရောက်တော့ တစ်စုံ တစ်ယောက် liftထဲဝင်လာသည်။
အသားအရည်က ဝင်းမွှတ်နေပြီး
ဆံပင်က ရွှေရောင်နဲ့ အရပ်ပုပု ကောင်မလေးတစ်ယောက် ပန်းနုရောင် ဝတ်စုံလေးနဲ့"ဟယ်...ယူ ယူ နေကိုကိုး မဟုတ်လား
တို့ ကိုမှတ်မိလား "မမှတ်မိပဲရှိပါ့မလား ကိုး ၁၀တန်းကျောင်းသားဘဝက အရမ်းချစ်ခဲ့ရတဲ့ ကိုးရဲ့ ငယ်ချစ်ဦး
ဧကရီ...
ကိုး သူ့ကြောင့် play boy ဖြစ်သွားခဲ့တယ်ဆိုရင်လည်း မမှား
ရင်တွေ တလပ်လပ် ခုန်နေသလိုလို ချွေးတွေပါချက်ချင်းထွက်လာပေမယ့်"မှတ်မိပါတယ် ဧကရီ မြန်မာပြည်ကို ပြန်ရောက်နေတာလား"ဟု
ကိုးတည်ငြိမ်စွာနဲ့ပဲ မေးခွန်းထုတ်လိုက်သည်။
"ဟုတ်တယ်...ဒယ်ဒီ အလုပ်ကိစ္စလေး တစ်ခုရှိလို့ အဲ့တာ အရေးကြီးလို့ ဧကရီ ကိုယ်တိုင်
မြန်မာ ပြည်ကို ပြန်လာခဲ့ရတာလေ
လာပါ မတွေ့တာကြာပြီ တို့နဲ့ အအေးဆိုင် ခဏထိုင် ကြရအောင် "Centerထဲမှာရှိတဲ့ cafe ဆိုင်ရဲ့ ထောင့်ဆုံးလေးမှာ ဧကရီနဲ့ နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း အချိန်ကုန်ခဲ့တယ်
"ယူ အရမ်းမိုက်လာတယ်နော် သိလား
တကယ် ကိုယ့် typeပဲ ""ဟားဟား...ဧကရီက မြှောက်နေပြန်ပါပြီ
အရင်ကနဲ့ ဘာမှမကွာပါဘူး
ဧကရီကမှ ငယ်ငယ်တုန်းကအတိုင်းလေးပဲ
မပြောင်းလဲဘူးသိလား""ကွာတာပေါ့ အရပ်လည်းအရှည်ကြီး
ပြီးတော့ မာဆယ် တွေနဲ့ တကယ့်
ကောင်မလေးတိုင်းလိုချင်တဲ့ boyfriend typeကြီး ဖြစ်လာတာ
ဒါနဲ့ ကောင်မလေးတွေ ဘာတွေရှိလား
မရှိရင် တို့ကို ဦးစားပေးရမယ်နော် "
YOU ARE READING
ဆန်းကျယ်သောချစ်ခြင်း (ongoing)
RomanceGay couples တွေဖြစ်ပြီး Dragon Power Hotel နဲ့ Traveling လုပ်ငန်းပိုင်ရှင် ဦးရှိန်းတေဇ နဲ့ ဦးမြတ်နိုးမောင်တို့ရဲ့ တစ်ဦးတည်းသောသား ဘုန်းပြည့်တေဇမောင် (Doctor is mine က ရှိန်းတေဇနဲ့ မြတ်နိုးမောင်ရဲ့ Fictionပါ) ဆွေစဉ်မျိုးဆက်ချမ်းသားလာခဲ့တဲ့ Diamond...