part-11 (Unicode & Zawgyi)

1.4K 23 0
                                    


-Unicode


မိနစ်ပိုင်းသာကြာလောက်မည်ထင်သည်။
ခြံထဲသို့ ကားဝင်လာသံ ကြားတာနဲ့ မောင်ဆိုတာ တန်းသိလိုက်သည်။
1နာရီလောက်မောင်းရတဲ့ ခရီးကို မည်သိုမည်ပုံ မောင်းလာသည် မသိ။

"ပါပါး ကိုး အပေါ်ထပ်မှာ ရှိတယ်မလား..."

"အင်းရှိတယ်လေ ...မင်းဒယ်ဒီတောင် ပြန်မလာသေးဘူး
ဘယ်လိုလုပ် ပြန်လာတာလဲ
အလုပ်တွေပြီး ခဲ့ပလား "

"သားနောက်မှ ပြောမယ် ကိုးစီသွားလိုက်အူံးမယ်"

ဘုန်းပြည့်ခြေလှမ်းကျဲကြီးများဖြင့် ခပ်သွက်သွက် ကိုးရှိရာ အခန်းစီသို့သာ ဦးတည်၍လာခဲ့သည်။

အခန်းတံခါးကို နှစ်ချက်လောက် အသိပေးရုံ ခေါက်လိုက်ပြီး...တံခါးဖွင့်ကာ ဝင်သွားတော့
ကိုးက ကုတင်ပေါ်ကနေ မျက်လုံးလေးပင့်ကြည့်ကာ

"အခုမှပဲ မြင်ရတော့တယ်နော်..."

"မောင့်ကို ph အရင်ပေး "

"ဒီလောက်အဝေးကြီး ကားမောင်းခဲ့တာ
ငါ့စီက phတောင်းဖို့လား
မင်းမှာ phမရှိဘူးလား "

"မောင် ဘာကြောင့်တောင်းလဲ သိရဲ့သားနဲ့ကွာ
ပေးပါ အရင်"

"မပေးနိုင်ဘူး ....လိုချင်ရင်ဆုတောင်း "

ကုတင်ပေါ်မှာ နှစ်ယောက်သား
Phလုနေရင်း နောက်ဆုံး ကိုးပဲရှူံးသွားရာ
Phက ဘုန်းပြည့်လက်ထဲ ပါသွားခဲ့သည်။

"ဟာ...ကိုးက မမိုက်ဖူးကွာ
မောင့်မှာ စိတ်တွေဘယ်လောက် ဗြောင်းဆန်နေခဲ့လဲသိလား
Custom နဲ့တင်ထားလို့ အခုမှပဲအလူံးကြီးကျတော့တယ် ဟူး...."

"ငါ privacy မှားတင်တာ
Publicပြောင်းလိုက်မယ်ပေး "

"အမလေး မပြောင်းရပါဘူး ဖျက်လိုက်ပြီ
ဘယ်သူ့ကိုမှ မမြင်စေချင်တာ "

"စောက်ပိုတွေသိပ်ပြော"

ဒေါက်ဒေါက်ဒေါက်

"သားသားရေ မင်းဒယ်ဒီက ခဏအောက်ဆင်းခဲ့ပါအုံးတဲ့ "

"ကျစ် အခုမှ အလွမ်းသယ်မလို့ကို ဒယ်ဒီကကွာ"

"ဟိုမှာ လာခေါ်နေတယ် ကပ်မနေနဲ့ ငါ့နဲ့"

"လာခဲ့မယ် ပါးရေ ခဏ ....

ဆန်းကျယ်သောချစ်ခြင်း (ongoing)Where stories live. Discover now