-Unicode
Hotel က restaurant မှာ မစားချင်တာကြောင့်
အခန်းထဲမှာ သီးသန့်ပြင်ဆင်ထားတဲ့
ကိုးအကြိုက် Steak & Wineစားပွဲဝိုင်းမှာ ဖယောင်းတိုင်အရှည် နှစ်တိုင်ထွန်းထားပြီး ပန်းအိုးမှာလည်း နှင်းဆီနီနီ တစ်ပွင့်တည်း
ဝိုင်ကို jar ထဲ အသင့်ထည့်ထားတာကြောင့်
ဘုန်းပြည့်က ခွက်ထဲ ဝိုင်အနည်းငယ်ထည့်လိုက်သည်။"ကိုး...သဘောကျရဲ့လား"
"အင်း...မဆိုးပါဘူး တစ်ခါမှ romantic မဆန်ဖူးတဲ့လူက ထူးထူးဆန်းဆန်း ပြင်ဆင်ထားပါလား "
"ဟီး...ကိုးရဲ့ မောင်ပါနော် ဒီလောက်ကတော့
ပါမွားပါ လက်ဖြောက် တစ်ချက်တီးယုံပဲ ""ဟုတ်ပါတယ် မင်းကဆရာကြီးပါ "
"မောင်လို့ မခေါ်ရင် dinner မစားပဲ ကိုးကို ကိုက်စားပစ်မှာ "
ကိုးက သူလိုချင်တာ ရှိရင်သာ မောင်လို့ ခေါ်ပြီး
သူငယ်ချင်းဆက်ဆံရေးက နှစ် ၂၀ကျော်မို့
မင်းနဲ့ငါ ပြောတာက အကျင့်ပါနေတာ ဖြစ်သည်။ဒီလိုပဲ ကိုးမခံချင်အောင် စလိုက်
စကားတွေပြောလိုက်နဲ့ dinner စားနေရင်း
ကိုးတစ်ယောက် ရေချိန်ကိုက်လာသည်။
ကိုး မူးနေရင် ချစ်ဖို့ကောင်းတာမို့
ဘုန်းပြည့် လူလည်ကျကာ သူသောက်ချင်ယောင်ဆောင်ပြီး ကိုးတစ်ယောက်ထဲကိုသာ
ဝိုင်တွေ လိမ့်တိုက်ခဲ့ခြင်းဖြစ်သည်။
အရက်ဂျိုး နေကိုကိုးက ဝိုင်လောက်တော့ သိပ်မမှု တော်တော်နဲ့ မမူးနိုင် သုံးပုလင်းမြှောက်လောက်မှ ယိုင်တိုင်တိုင် ရီဝေဝေ ဖြစ်လာပြီ
စရစ်ပါတော့သည်။"ငါရေကူးချင်တယ် ရေကူးကန်လိုက်ပို့ "
ပြောနေရင်းပဲ ကိုးက ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပစ်လိုက်သည်။
ဘုန်းပြည့်က မူးနေတဲ့ကိုးကို ထိန်းရင်း
"11နာရီတောင်ကျော်နေပြီ ဘယ်ရေကို ကူးချင်တာလဲ ကိုးရယ် "
"မသိဘူး ရေကူးမယ် ရေကူးမယ် ပူတယ် "
အောက်ကို ထိုင်ကျသွားပြီး ခြေကန်ကာ
ပူဆာတော့သည် ။"မရဘူး မကူးရဘူး အပြင်ဘက်ရေကူးကန်မှာ လေစိမ်းတွေကတိုက်သေး အအေးပတ်နေမှာပေါ့
မောင် bathtub ထဲမှာ ရေနွေးနွေးလေး စပ်ပေးမယ် ကိုးက လိမ္မာတယ်လေ နော် "
YOU ARE READING
ဆန်းကျယ်သောချစ်ခြင်း (ongoing)
RomanceGay couples တွေဖြစ်ပြီး Dragon Power Hotel နဲ့ Traveling လုပ်ငန်းပိုင်ရှင် ဦးရှိန်းတေဇ နဲ့ ဦးမြတ်နိုးမောင်တို့ရဲ့ တစ်ဦးတည်းသောသား ဘုန်းပြည့်တေဇမောင် (Doctor is mine က ရှိန်းတေဇနဲ့ မြတ်နိုးမောင်ရဲ့ Fictionပါ) ဆွေစဉ်မျိုးဆက်ချမ်းသားလာခဲ့တဲ့ Diamond...