part- 14 (Unicode & Zawgyi )

2.1K 38 1
                                    


-Unicode

ဘုန်းပြည့် နိုးလာတော့
မနက်တုန်းကလိုမဟုတ်ပဲ လန်းလန်းဆန်းဆန်းရှိလှသည်။
အဝတ်အစားကလည်း ညက ကိုယ်ဝတ်ထားတဲ့
ဟာမဟုတ်ပဲ ပိုးသား pajamas အနက်ရောင်
လက်ရှည်ဝမ်းဆက်ဖြစ်နေ၏
ပေါ့ပေါ့ပါးပါးမို့ သက်တောင့်သက်သာ ရှိသည်
ကိုး ရေဘတ်တိုက်ပြီး လဲပေးထားတာ ထင်ပါသည်။
မနက်ထဲက ဘာမှ မစားရသေးတော့
ဗိုက်ကဆာချင်သလိုလိုတော့ ဖြစ်နေသည်။

"ကိုးရေ ကိုး ဘယ်မှာလဲ
မောင်နိုးပြီ "

အခန်းအပြင်ဘက်စီမှ အသံကလေးသဲ့သဲ့က

‌"လာပြီ ကိုယ်တော်ရေ...ဒီမှာ ဆန်ပြုတ်သွားယူတာ
ကိုယ်တော်နိုးရင် အဆင်သင့်စားဖို့တဲ့
ပါပါး ချက်ထားတာ "

"မစားချင်ဘူး လူမမာစာတွေ"

ကိုး ဆန်ပြုတ် ပန်းကန်ကို ကုတင်ဘေးက ခုံပေါ်တင်လိုက်ပြီး
စောင်ပုံထဲက လူဆိုးကောင်ရဲ့ နဖူးကို အရင် စမ်းကြည့်ရသည်။

"ကိုယ်ပူကျသွားပြီပဲ အဲ့တာကြောင့်
အသံထွက်လာတာ မနက်ကများ
သေတော့မယ့်အတိုင်းပဲ "

"ဟဲ့ ဖက်ဖက် ကိုးနော် ကိုယ့်ယောက်ျားကို "

"ဆန်ပြုတ် သောက်ရမယ် ဒီမှာကြည့်
ကြက်သားလေးနဲ့ ချက်ထားတာ
မွှေးနေရော "

"မွှေးရင် ကိုယ့်ဟာကိုယ်သောက်လိုက် "

အိပ်ယာထခါက ဆံပင်တွေလည်း ရှုပ်ပွနေပြီး
မျက်မှောင်ကြီး ကျုံ့ကာ ခံပြောနေတာက ချစ်စဖွယ်အတိ

"ဒါမစားချင်တော့ မောင်က ဘာစားမှာလဲ "

"ငါးပိရည် နဲ့ ထမင်းနဲ့ နယ်ပြီး
တို့စရာ အစုံနဲ့ စားချင်တယ် "

"ဖြစ်ပါ့မလား ...ဒယ်ဒီက ဆန်ပြုတ်တိုက်ပြီးရင်
ဆေးထပ်တိုက်ဖို့ မှာသွားတယ်
မောင်က မနက်ထဲက အိပ်နေတာမို့
ထိုးဆေးပဲ ထိုးရသေးတာ
သောက်ဆေး တခွက်စာတော့ ဝင်အုံးမှဖြစ်မာ"

"သဘော သဘော အဲ့ဟာပဲ သောက်တော့မယ်
နေမကောင်းတဲ့ သူကို ဘယ်သူမှ အလိုမလိုက်ကြဘူး "

ဆန်ပြုတ်ကို မသောက်ချင်ဘူးသာ ပြောတာ
တစ်ပန်းကန်လုံး ကုန်အောင်သောက်ရှာသည်
ဆေးလည်း မငြီးမငြူ သောက်မှပဲ
ရင်အေးရတော့သည်
ဒီဂျစ်တူးက တကယ်မလွယ်ကြောမှန်း
ကိုးအခုမှ သဘောပေါက်တော့သည်
အရင်က အလျော့ပေးခဲ့တာတွေကို အတိုးချပြီး
ဂျစ်တိုက်နေတဲ့ ဂျစ်တူး
အခုလည်း....

ဆန်းကျယ်သောချစ်ခြင်း (ongoing)Where stories live. Discover now