Part - 17(Z / U)

242 15 0
                                    


Zawgyi

ကျိရန် - အခုက နေ့လည်စာ စားချိန်ရောက်ပြီဆိုတော့ ထမင်းပွဲပြင်ပေးပါ့မယ်
စစ်ကျွေး လာ

ပြောပြီး ကွတ ကွတ နဲ့လျှောက်နေသောကြောင့်

စစ်ကျွေး - ကိုကြီး ခြေထောက်ဘာဖြစ်လို့လဲ? လမ်းလျှောက်တာ ကွတတနဲ့

ထိုသို့မေးလိုက်တော့ ကျိရန်မျက်နှာကြီးနီရဲလာကာ

ကျိရန် - ဘာ ဘာဖြစ်လို့လဲ? ဘာမှမဖြစ်ပါဘူး လိုက်စပ်စုမနေနဲ့ လာ ထမင်းပြင်မယ်

ဆိုကာ ရှက်ရမ်းရမ်းပြီး နောက်ဖေးသို့ ဝင်သွားတော့တယ်

စစ်ကျွေးကတော့ သူများ ဘာမှားလို့လဲပေါ့ သူ့လဲ ဘာမှမလုပ်ဘဲ အော်သွားတယ် ဒီတိုင်းလေးစိတ်ပူလို့မေးမိတာကို ဟွန့်😒

ထို့နောက် စစ်ကျွေးတို့ ထမင်းပြင်နေစဉ်
ရှောင်ကျန့်ကတော့ သူ့ကျဲနားကပ်ကာ ကြောင်ပေါက်လေးလို ချွဲနေလေတယ်

xz - ကျဲ သိလား? ကျနော်ကလေ ကျဲကို သတိတွေ ရနေတာ
ကျဲက ဘာလို့ ခုမှ လာတာလဲ?
ဘာလို့ ကိုကိုတို့နဲ့ တခါတည်းလိုက်မလာတာလဲ? ကျနော် ကျဲကို စိတ်ဆိုးတယ်နော် ဟွန့်😒

ရန်လီ - အို ကျဲမောင်လေးက ကလေးလေးကျနေတာဘဲ အသက်ဘဲ 20 ကျော်နေပြီ

xz - ဟွန်း ကျဲကလဲ အသက်နှစ်ဆယ်ကျော်တာနဲ့ ကလေးမလုပ်ရတော့ဘူးလား? ဘာလဲ ကျဲက ချစ်သူရပြီဆိုတော့ ကျနော့ကို မချစ်တော့တာလား? ကျဲက ကျနော့ထက် သူ့ကို ပိုချစ်တာပေါ့ ဟုတ်လား?

ရန်လီ - ကျန့်ကျန့်!!

ရှောင်ကျန့်လဲ သူ့ကို ကျဲက အော်လိုက်တာကြောင့် အံသြသွားပြီး နောက်တော့ ဝမ်းနည်းစိတ်က လှိုက်တက်လာကာ

xz - အင့် ကျဲက ကျဲက ကျနော့ကို အော်တယ် သူ့ကြောင့် အင့် ကျဲက ကျနော့ကို အော်တယ်ပေါ့ အင့်ဟင့် ကျဲကို မုန်းတယ် ဟင့်

ဆိုကာ အပြင်ကို ပြေးထွက်သွားတယ်

yb - ကလေး!

ရိပေါ်လဲ သူ့ကလေးနောက်ကိုဘအမြန်လိုက်ရတော့တယ်

တကယ်တော့ ရန်လီလဲ သူ့မောင်လေးကို မအော်ချင်ပါ
သို့ပေမဲ့ အခုဟာက တအားကိုဆိုးလာတယ်
ပြီးတော့ ရွှမ်းအမြင်မှာ သူမမောင်လေးကို မကောင်းမမြင်စေလို၍ သူမ ယခုအခြေအနေကို တားရန် မထင်မှတ်ဘဲ အော်မိသွားခြင်းဖြစ်သည်။
သို့သော် အခြေအနေက မကောင်းလာတဲ့ အပြင် ပို၍ပင် ဆိုးသွားရချေပြီ။
ယခုလိုဖြစ်မယ်မှန်းသိလျှင် သူမမောင်လေးကို အော်လိမ့်မည်မဟုတ်။
သူမမောင်လေးက သတိရလာတာမကြာသေးတာကိုလဲ သူမမေ့သွားခဲ့သည်။ အဲဒါထက် ယခလို နေမကောင်းဖြစ်နေချိန်ဆို ခံစားလွယ်တာကို သူမအော်လိုက်မိသည်။
အခုတော့ သူမမောင်လေးက သူမကို မုန်းသွားပြီ။
သူမအချစ်ရဆုံးမောင်လေးက သူမကို မုန်းတယ်ဟု ပြောသွားတာကြောင့် သူမ အတော်ကို ရင်နာရပါသည်။

ကံကြမ္မာဇာတ်ညွှန်း(complete)Where stories live. Discover now