Part - 18(Z/U)

253 16 21
                                    


Zawgyi

ကျန့်ကျန့်လဲ ၀မ်းနည်းစိတ်ကြောင့် ပြေးထွက်လာမိတာ တောနက်ထဲသို့ ရောက်မှန်းမသိ ရောက်လာခဲ့သည်။

ထိုအချိန်

သူ့နောက်ပါးဆီမှ

ဝေါင်းးး

ကျယ်လောင်သော ဟိန်းဟောက်သံကြီးကြောင့် သူနောက်သို့ လှည့်ကြည့်လိုက်တော့ ကျားတစ်ကောင်က သူ့ကို မာန်ဖီနေလေသည်။

သူလဲ ကြောက်စိတ်ကြောင့် တုန်လှုပ်မိလေသည်။
သို့သော် ကြောက်စိတ်ကို ထိန်းချုပ်ပြီး တိုက်ခိုက်ရန် ဘေးပတ်ဝန်းကျင်ကို စူးစမ်းမိတော့ သစ်သားချောင်းတွေ့ရာ သူလဲ မသိမသာလေး ထိုဖက်သို့ သွားလိုက်ပြီး သစ်သားချောင်းကို ကောက်ယူလိုက်သည်။

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

တစ်ဖက်တွင် ရိပေါ်မှာလဲ သူ့ကလေးနောက်လိုက်လာရင်း တောနက်ထဲသို့ ရောက်လာခဲ့သည်။

သူလဲ ရှာနေတုန်း

ဝေါင်းးး

ကျားဟိန်းသံကို ကြားလိုက်တာကြောင့် သူ့ကလေးများ တစ်ခုခုဖြစ်နေမလားဆိုပြီး ရင်တွေ အဆမတန် ပူလောင်လာရတယ်

ထို့ကြောင့် သူလဲ အသံကြားရာဘက် သွားလိုက်တော့ တကယ်ပင် ကျားကြီးက သူ့ကလေးကို ခုန်အုပ်ရန် ပြင်နေလေသည်။

သူလဲ အမြန်ပင် အနီးနားရှိ သစ်သားတစ်ချောင်းကောက်ယူကာ အသင့်​ပာလာသော မီးခြစ်​ဖြင့်​ သစ်​သားချောင်းကို မီးရှို့ပြီး ကျားကို မောင်းထုတ်​လိုက်​လေသည်​။

ထို့နောက်​ ကြောက်​၍ တုန်​နေသော ကလေးရဲ့ ကိုယ်​လေးကို ရင်​ခွင်​ထဲ အသာထည့်ကာ

yb - ကလေး မကြောက်​နဲ့တော့နော်​ ကိုကိုရှိတယ်​ မွ😘

ထို့နောက်​ သူလဲ ကလေးကို ကျောပိုးကာ အိမ်​သို့ အမြန်​ပြန်​လာခဲ့လေသည်​။

🏃🏃🏃🏃🏃🏃🏃🏃🏃

အိမ်​သို့ရောက်​တော့ ကျောပေါ်က ကလေးက အိပ်ပျော်နေလေပြီ။
သူလဲ မနှိုးတော့ဘဲ အိမ်ထဲသာ ဝင်ခဲ့လိုက်သည်။

သူအိမ်ထဲ ဝင်လာတော့ ကျဲက သူတို့ဆီပြေးလာကာ

ကျဲရန်လီ - ရိပေါ် ကျန့်လေးက ဘာဖြစ်လာတာလဲ?

ကံကြမ္မာဇာတ်ညွှန်း(complete)Where stories live. Discover now