Extra (3)

476 15 0
                                    


Uni

ရက် လ နှစ် တွေ  တစ်​​ေန့ပြီးတစ်နေ့ကုန်ဆုံးပြီးချိန်မှာတော့ အခုဆိုရင် ဝမ်ရိကျန့်လေးက   အထက်တန်းတောင်ရောက်နေပြီ။တော်တော်လေးလဲ အားကိုးရတဲ့ သားလိမ္မာလဲဖစ်တယ်။နောက်ပြီး ပါးပါးကျန့်မှာ ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီး နောက်လဆိုရင် မွေးတော့မှာ။ဘာလေးထွက်လာမလဲဆိုတာကိုတော့ မသိသေးဘူး။ပါးပါးက အက်ထရာဆောင်းမရိုက်ဘဲ မွေးလာမှ ရင်ခုန်စွာကြည့်မယ်ဆိုလို့ သူ့မှာ ဘာလေးမွေးလာမလဲ အမြဲတွေးနေခဲ့တာ။ညီလေးမွေးလာရင် ဝမ်စော်အော်လို့ပေးမယ်။ညီမလေးဆိုရင်တော့ ဝမ်ရှောင်းယွမ်လို့ ပေးမယ်။
အော် ပြောရဦးမယ် ကျနော်က ပါးပါးနဲ့တူလို့လားမသိ။ဟင်းချက်တဲ့နေရာတော့ အတော်ပါရမီပါတယ်။သူက ကျောင်းပိတ်ရက်တွေဆို သူများတွေလို အိမ်မလည်၊ဂိမ်းမဆော့ဘဲ ပါးပါးဗိုက်ပူလေးနားသာ တနေကုန်နေပေးပြီး စောင့်ရှောက်ပေးမယ်။ရိကျန့်လေးက အတော်အားကိုးရတယ်။

အခုတော့ သူ ပါးပါးစားဖို့အတွက်​ ​​​နေ့လည်စာ​ပြင်ဆင်နေပါတယ်။ပါးပါးအကြိုက်တွေချည်း ချက်ထားတာမို့ ခံတွင်းတွေ့မှာ အသေအချာ။
ခဏနေကျရင် ပါးပါးကို သွားနှိုးရမယ်။
ပါးပါးကို မနှိုးခင် ဒယ်ဒီကို အရင် နေ့လည်စာသွားပို့ရမယ်။သူလဲ ဒယ်ဒီအတွက် ထမင်းဘူးပြင်ဆင်ပြီး ဦးလေးရှင်းကို ခေါ်ကာ ကုမ္ပဏီသို့ လာခဲ့တော့သည်။

ကုမ္ပဏီရောက်တော့ သူလဲ ဒယ်ဒီရုံးခန်းရှိရာသို့ တက်သွားလိုက်ပြီး ဝင်သွားလိုက်သည်။
သူတက်လာတဲ့တစ်လျှောက်လဲ ကုမ္ပဏီက စာရေးမမများက သူ့ကို ငမ်းနေကြတယ်။
သူကလဲ မိဘနှစ်ပါးရဲ့အမွေတွေရထားတော့ တော်တော်လေးကို ချောတာပေါ့😎။

သူလဲ ဒယ်ဒီရုံးခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်တယ်။ဒယ်ဒီ သူ့ရုံးခန်းထဲကို ဘယ်သူဝင်ဝင် တံခါးခေါက်ခိုင်းတယ်။သူက ဝင်ဆိုမှဝင်ရတဲ့အထိ စည်းကမ်းကြီးတယ်။

ဒေါက် ဒေါက်

yb - ဘယ်သူလဲ

yz - ကျနော်ပါ ဒယ်ဒီ

yb - ဝင်ခဲ့

yz - ကျနော် ဒယ်ဒီအတွက် ထမင်းချိုင့်လာပို့တာ

ကံကြမ္မာဇာတ်ညွှန်း(complete)Where stories live. Discover now