Zawgyiဒီနေ့က ရိပေါ် ရုံးပြန်တက်ရမဲ့နေ့ဖြစ်သည်။
ကျန့်ကလဲ မနက်စောစောထကာ မနက်စာအတွက် ပြင်ဆင်ပေးထားသည်။
အခုလဲ သူ့ရဲ့ကိုကိုရဲ့ နက်တိုင်ကို သေချာချည်ပေးနေသည်။
အခုအနေအထားအရ သူတို့နှစ်ယောက်ရဲ့ မျက်နှာက လွန်စွာမှနီးကပ်နေသည်။
ရိပေါ်ကတော့ သူ့နက်တိုင်ကို အာရုံစိုက်ချည်ပေးနေတဲ့ ကျန့်ကို ငုံ့ကြည့်နေသည်။အကြည့်များက ရုတ်တရက်နှုတ်ခမ်းချွန်ချွန်လေးဆီ ရောက်သွားကာ ရေငတ်လာသလို ဖြစ်လာသည်။xz - ကိုကို ပြီးပြီ အွန့်
ရှောင်းကျန့်မှာ ရုတ်တရက်အနမ်းခံလိုက်ရသောကြောင့် မတုံ့ပြန်မိ။ကြောင်အနေမိသည်။အသိဝင်လာကာမှတဖြည်းဖြည်းပြန်လည်တုံ့ပြန်လိုက်သည်။
နှစ်ယောက်သားအပေးအယူမျှစွာ နမ်းရှိုက်နေရင်း ကျန့်မှာ အသက်ရှူကြပ်လာသောကြောင့် ကိုကို့ရဲ့ရင်ဘတ်ကို ထုရိုက်ကာ အချက်ပေးလိုက်သည်။
ထိုအခါမှသာ အောက်နှုတ်ခမ်းကို တစ်ချက်ကိုက်ပြီးမှ လွှတ်ပေးသည်။ပြွတ်စ် ဘုန်း ဘုန်း အ့
ရိပေါ်လက်မှလွတ်သည်နှင့်ကျန့်မှာ လေကို အသည်းအသန် ရှူသွင်းရသည်။
xz - ဟင်းးး
အသက်ပုံမှန်ပြန်ရှူနိုင်မှ သူ့ကိုကြည့်ကာ ပြုံးစိစိကြည့်နေတဲ့ ကိုကို့ကို မျက်စောင်းလှလှတစ်ချက်ပေးလိုက်ပြီး
xz - ဟွန့် ဘာတွေလာပြီး ပြုံးစိစိလုပ်နေတာလဲ😒
yb - ဟီး ဘာမှမဟုတ်ပါဘူးကွာ ကိုကို့ကလေးလေးက အရမ်းချစ်ဖို့ကောင်းနေတော့ ကိုယ့်ဘာကို ဂုဏ်ယူနေမိလို့ပါ
xz - ဟွန့် အပိုတွေ လာ မနက်စာသွားစားမယ်
ပြောပြီး ရှေ့ကနေ့ ကော့ပက်ကော့ပက်နဲ့ထွက်သွားသည်။
သူလဲ သူ့ကလေးလေးနောက်ကို လိုက်သွားပြီး မနက်စာဝိုင်းတွင် တူတူထိုင်ကာ ကျန့်ရဲ့လက်ရာလေးကို နှစ်ယောက်သားစားသောက်ကြသည်။
ရိပေါ်ကတော့ အများကြီးတောင် စားမိသွားသည်။
ကျန့်ရဲ့လက်ရာလေးကို သူဘယ်လောက်တောင် လွမ်းခဲ့ရလဲ?မနက်စာစားပြီးတော့ ကျန့်လဲ ကိုကို့ကို အိမ်ပြင်ထိလိုက်ပို့ပြီး လုပ်နေကျအတိုင်း ကိုကိုက သူ့နှုတ်ခမ်းလေးကို တသ်ချက်နမ်းပြီး ကားပေါ်တက်ကာ ကုမ္ပဏီသို့ သွားတော့သည်။

YOU ARE READING
ကံကြမ္မာဇာတ်ညွှန်း(complete)
Fiksi PenggemarZawgyicode 😘Yizhan😘 ဒီFicက သာသာရဲ့ပထမဆုံးficမို့အရေးအသား မကောင်းရင် တောင်းပန်ပါတယ် 🙏🙏🙏🙏 ဝေဖန်နိုင်ပါတယ် ပြီးတော့ ဒီ fic က အချိုပါနော် Start Time - June~1~2021 End Time - February~7~2022 Unicode 😘Yizhan😘 ဒီFicက သာသာရဲ့ပထမဆုံးficမို့အရေးအသား...