Part - 14(Z/U)

273 15 7
                                    


Zawgyi

မုန့်ယောင်တို့က အခု ရွာရဲ့ချောင်းစပ်နားမှာဘဲ ဖြစ်တယ်

ရှီးချန် - ဟိုဟိုလေ ယောင်လေး

မုန့်ယောင် - ဘာလဲ

ရှီးချန် - ဟိုနေ့က ကိုယ်မင်းကို ဖွင့်ပြောထားတယ်လေ

မုန့်ယောင် - အဲ့တော့

ရှီးချန် - အဲ့တော့ ကိုယ့်ကို ချစ်လားဟင်

ထိုသို့ပြောလာကာမှ မုန့်ယောင်တစ်ယောက်ရှက်သွားပြီး စကားတွေ ထစ်နေတော့တယ်

မုန့်ယောင် - ဟိုဟို အဲ့တာကလေ ဟို

ရှီးချန် - ယောင်လေးကလဲကွာ ဘာတွေဟိုဟိုဒီဒီတွေ လုပ်နေတာလဲ ကိုယ့်ကို မချစ်လို့လားဟင်~

ဆိုကာ မျက်နှာလေးငယ်ထားလိုက်တယ်
ထိုအခါမှ မုန့်ယောင်လဲ အသဲအသန်ရှင်းပြရတယ်

မုန့်ယောင် - ဟို ဟို ကျနော်က မချစ်လို့မဟုတ်ပါဘူး ဟို ကျ ကျနော် ရှက်လို့ပါ ကျ ကျနော် ခများကို ချစ်ပါတယ်

ထိုအခါမှ ရှီးချန်မျက်နှာ ၀င်းလက်သွားပြီး

ရှီးချန် - ဟင် တ တကယ်ပြောတာလား ယောင်လေး

မုန့်ယောင်လဲ ရှက်ပြုံးလေးဖြင့် ခေါင်းငြိမ့်ပြလိုက်တော့ သူ့ကို ချီကာ ဝှေ့ယမ်းရင်း

ရှီးချန် - ရေးးး ပျော်လိုက်တာ

မုန့်ယောင် - အားး ဟိုဟို ချပါဦး ပြုတ်ကျတော့မှာဘဲ

ရှီးချန် - မပြုတ်ကျပါဘူး ဟော ဒီမှာကြည့်

ဆိုကာ သူကို မြောက်လိုက်တယ်

ဝှီး

မုန့်ယောင် - အားး မရဘူး မရဘူး ခုချပေး

ရှီးချန် - ဟဟ အင်းပါ

မုန့်ယောင် - ဟူး ရင်တုန်သွားတာဘဲ ခများတော်တော်ဆိုး နော် ဟွန့်

ရှီးချန် - အာ သဲငယ်ကလဲ မောင်ကချစ်လို့ကို

မုန့်ယောင် - ခ ခများကြီး ကျနော့ကို ဘလိုခေါ်လိုက်တာ?

ရှီးချန် - မောင်က သဲငယ်ကို သဲငယ်လို့ ခေါ်လိုက်တာလေ

မုန့်ယောင် - ဟို ဟို ခများ အဲ့လိုကြီးမခေါ်ပါနဲ့ ကျ ကျနော် မနေတတ်ဘူး

ကံကြမ္မာဇာတ်ညွှန်း(complete)Where stories live. Discover now