Part - 21(Z/U)

216 15 2
                                    


Zawgyi

ဒီနေ့က ရွယ်ယမ်နဲ့ကျိရန်တို့ရဲ့ စေ့စပ်ပွဲဖြစ်သည်။
မနက်ဖြန်ဆို ရိပေါ်တို့က ပြန်တော့မှာ ဖြစ်တာကြောင့် စေ့စပ်ပွဲကို ရွာလူကြီးတို့နဲ့အကျဉ်းချုံး၍ အမြန်လုပ်လိုက်ရခြင်းဖြစ်တယ်

ရွာလူကြီး - ကဲ အခု စေ့စပ်ပွဲလုပ်ပြီးပြီဆိုတော့ မင်းတို့နှစ်ယောက်က တစ်ယောက်ဘ၀တစ်ယောက်ကို တစ်ဝက်ဆီပိုင်ဆိုင်ပြီးပြီ။ မင်္ဂလာဆောင်တာတော့ မင်းတို့ အေးအေးဆေးဆေးမှ လုပ်ကြပေါ့ အခုတော့ ငါတို့ပြန်လိုက်ဦးမယ်

ရွယ်,ကျိ - ဟုတ် အဘ

သူတို့လဲ အဘကို အိမ်ဝထိပို့ပြီး ပြန်လာတော့

စစ်ကျွေး - ဟို ကို ကိုကြီး

ကျိရန် - အင်း ဘာပြောမို့လဲ စစ်ကျွေး

စစ်ကျွေး - ဟို ဟို

တကယ်တော့ စစ်ကျွေး သူ့ကိုကြီး ခွင့်မပြုမှာကို ကြောက်၍ ပြောမထွက်ခြင်းပင်။

ဝမ်နင် - ဒီလိုပါ ကော ကျနော် စစ်လေးကို ချုံချင့်ကို ပြန်ရင် ခေါ်သွားချင်လို့ပါ အဲ့တာ ခွင့်တောင်းတာပါ ကျနော့ကျဲနဲ့လဲ တွေ့ပေးချင်လို့လေ

ကျိရန် - ဟင်းး အင်းလေ မင်းလဲ ကိုယ့်ချစ်သူနဲ့နေချင်မှာပေါ့ ကိုကြီး ခွင့်ပြုပါတယ်

စစ်ကျွေး - ဟင့် ကျေးဇူးတင်ပါတယ် ကိုကြီး ကျနော် တလတစ်ခါ ပြန်လာမှာပါ အင့်

ကျိရန် - အင်းပါ မငိုနဲ့တော့ တိတ် ခုထိကလေးလို လုပ်တုန်းလား

မျက်ရည်ဝဲရင်းဖြင့်

စစ်ကျွေး - ဟင့် ကျနော်က ကိုကြီးနဲ့ခွဲရတာ့မှာကို

ကျိရန် - အယ် အားစစ် ဘာကိုခွဲမှာလဲ? တလတစ်ခါပြန်လာမှာဘဲ ဟာကို တော်တော် မငိုနဲ့တော့နော် ဟိုမှာ ခေါ်ရမဲ့ လူ စိတ်မကောင်းဖြစ်နေပါဦးမယ်

စစ်ကျွေး - ဟင့် ဟုတ် ရွှတ်

ဝမ်နင် - ကဲပါ ပေါင်ပေါင်းရယ် တကယ်လို့ ပေါင်ပေါင်း ကောကို သတိရတယ်ဆိုလဲ တစ်ပတ်တစ်ခါတော့ ဒီကို လာတာပေါ့ ဟုတ်ပြီလား

စစ်ကျွေး - ဟင့် ဟုတ် အဲ့တာ အကောင်းဆုံးဘဲ ဟီး

ကျိရန် - ကဲ ကြည့် ခုနက ငိုနေတာ ဘယ်သူပါလိမ့်?

ကံကြမ္မာဇာတ်ညွှန်း(complete)Where stories live. Discover now