Extra (2)

278 15 0
                                    


Zawgyi

အခုသူတို့မိသားစုဟာ ကစားကွင်းကို ရောက်နေတာဖြစ်တယ်
သားက ကစားကွင်းသွားချင်တယ်ဆိုတာကြောင့်ရယ်၊ကိုကိုကလဲ ရုံးပိတ်ရက်ဖြစ်တာကြောင့်ရယ်နဲ့မိသားစုအတူတူကစားကွင်းလာကြတာဖြစ်တယ်။

yz - ပါးပါး တားရေခဲမုန့် ချားချင်တယ်😄

xz - အင်းအင်း ပါးပါးသွားဝယ်ပေးမယ်နော် သားကဒယ်ဒီနဲ့ဒီမှာ နေခဲ့နော်

yz - ဟုတ်

ရှောင်းကျန့်လဲ ရိကျန့်ကို ကိုကိုနဲ့ထားခဲ့ပြီး ရေခဲမုန့်သွားဝယ်သည်။အရသာကတော့ ချောကလက်၊စတော်ဘယ်ရီနဲ့နို့အရသာပါတဲ့ ရေခဲမုန့်သုံးခွက်ကို ဝယ်ခဲ့လိုက်တယ်။

xz - ကဲရော့ ဒါသာသားအတွက်က ချောကလက် ကိုကို့အတွက်က နို့ ကျန့်အတွက်က စတော်ဘယ်ရီ

ရိပေါ်ကတော့ သူ့ကျန့်လုပ်သမျှကိုသာ ပြုံးပြီး ကြည့်နေလေတယ်

ရိကျန့်က သူ့ရဲ့ရေခဲမုန့်လေးကို စားကြည့်လိုက်ပြီး

yz - အွန်း ရမ်းကောင်းတယ်😋 ချိုရယ် ချိုရယ် ဟီးဟီး😁

ကျန့်လဲ သားလေးရဲ့နှုတ်ခမ်းမှာ ပေနေတဲ့ ရေခဲမုန့်လေးကို သုတ်ပေးလိုက်ပြီး ပြုံးလိုက်ကာ

xz - ကြည့်ပါအုံး နှုတ်ခမ်းတွေလဲပေပွလို့ စားထားတာ ကဲ ရေခဲမုန့်စားပြီးပြီဆိုတော့ ခုဘယ်သွားမလဲ?

yz - တိုက်ကားချီးမယ်(စီးမယ်)

xz - အဲ့ဆို သွားကြမယ် လာလေ ကိုကို

yb - အင်း

ထို့နောက် သားလေးပြောတဲ့နေရာတွေကို လိုက်ပို့ကာ ကစားပေးလို့ပြီးတော့ ညနေတောင်ရောက်တော့မယ်

xz - ကဲ သားသား ဘယ်သွားဦးမလဲ?

yz - ရေကူးပြီးရင်ပြန်တော့မယ် ပါးပါး
ပြီးတော့ ပါးပါးတို့လဲ ကူး ဟီး😁

yb - ဒါပေါ့ ကူးပေးမှာပေါ့ လာ သွားကြမယ်

ဆိုကာ ရေကူးကန်ဘက်သို့ သွားလိုက်ကြသည်။ရေကူးကန်ဆီရောက်တော့ သားလေးကို အင်္ကျိချွတ်ပေးပြီး သူလဲ အင်္ကျီချွတ်ကာ ကျန့်ကိုကြည့်လိုက်တော့ သူ့မှာပူထူသွားရသည်။
ကျန့်က အပေါ်ပိုင်းအင်္ကျီချွတ်ထားပြီး အောက်က ဘောင်းဘီတိုလေးသာ ၀တ်ထားသည်။
ဘေးကိုကြည့်လိုက်တော့ တခြားကောင်တွေက ကျန့်ကို မျက်လုံးကျွတ်ကျမတတ် ငမ်းနေကြတာကြောင့် သူလဲ ဘေးနားက သဘက်ကို ဆွဲယူပြီး ကျန့်ဆီ အမြန်သွားကာ ခြုံပေးလိုက်သည်။ထိုအခါ ကျန့်က သူ့ကို မျက်ဝန်းဝိုင်းလေးတွေနဲ့အံ့သြသလိုလေး လှည့်ကြည့်လာသည်။သူလဲ ကျန့်နှုတ်ခမ်းကို တစ်ချက်နမ်းလိုက်ပြီး

ကံကြမ္မာဇာတ်ညွှန်း(complete)Where stories live. Discover now