🌿ကျွန်မချစ်သော...သူ🌿
✨အပိုင်း(၃)✨"ခင်ဗျား...!"
"ကျောင်းသူက ဆရာကို လက်သီးနဲ့ရွယ်ခွင့်ရှိလို့လား...."
မီမီသစ်က ထိုလူမျက်နှာကို စူးရှစွာ စိုက်ကြည့်နေသလို ထိုလူကလည်း စူးရှစွာပြန်စိုက်ကြည့်နေသည်...
ညီညီသော်.....!မမကိုအရှက်ခွဲဖူးတဲ့ ထိုလူကို သူမအရမ်းမုန်းတယ်...သူမနဲ့မဆိုင်ပေမဲ့ ဘာလို့မုန်းနေမှန်း ကိုယ်တိုင်တောင်မသိ...
ဆရာဆိုတဲ့အသုံးအနှုန်းကြောင့် မီမီသစ်စိတ်ကိုလျော့ချလိုက်ပြီး လက်ကိုစောင့်ဖြုတ်ကာ ခေါင်းငြိမ့်တောင်းပန်ပြီး လှည့်ထွက်လာခဲ့လိုက်သည်...
"ရပ်လိုက်...."
နောက်ပါးထံကနေ ညီညီသော်ရဲ့အသံကြောင့် မီမီသစ်ခြေလှမ်းတွေရပ်တန့်သွားရသည်...
"ကျောင်းသူ ဆရာကို တိုက်မိရင် တောင်းပန်ရမယ်ဆိုတာ မသိတာလား"
"ခေါင်းငြိမ့်ပြလိုက်ပါတယ်ဆရာ အဲ့တာက တောင်းပန်တာပါ"
ပြန်လှည့်လာပြီး ဖြေရှင်းချက်ပေးလိုက်တဲ့မီမီသစ်ကြောင့် စိတ်တိုစွာမျက်ခုံးတွန့်ကျသွားတာက ညီညီသော်...
"ဆရာဖြစ်တာ မကြာသေးပေမဲ့ ဖြစ်လာတဲ့တစ်လျှောက်လုံး မင်းလိုရိုင်းစိုင်းတဲ့ကျောင်းသူမျိုး မတွေ့ဖူသေးဘူး"
"အခုတွေ့ဖူးပြီလို့မှတ်လိုက်ပါဆရာ...."
ညီညီသော်ရဲ့မျက်ဝန်ကို ခပ်တည့်တည့်ကာစိုက်ကြည့်ပြီးပြောလိုက်တဲ့မီမီသစ်ရဲ့မျက်ဝန်းကြောင့် ညီညီသော် ပြောစရာစကားပျောက်သွားရသည်...
'ဒီမျက်ဝန်းနဲ့အသံကို ဘာလို့ရင်းနှီးနေရတာလဲ....'
"မီမီသစ်...."
အဝေးကနေကျောင်းသားတစ်ယောက်ရဲ့အော်ခေါ်သံကြောင့် မီမီသစ်လှည့်ကြည့်လိုက်တော့ အတန်းထဲက ကျောင်းသားတစ်ယောက်...
"မင်းကို တီချယ်ရှာနေတယ်"
"ဪ အေး...သွားလိုက်မယ်..."
"အင်း ဆရာမဂ်လာပါ..."
လှည့်ထွက်လာခဲ့တဲ့နောက် နောက်ပါးမှ အတန်းဖော်ရဲ့နှုတ်ဆက်သံကြောင့် မီမီသစ် လက်သီးဆုပ်ထားမိသည်မှာ တင်းတင်းကြပ်ကြပ်...
YOU ARE READING
ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]
Romanceမနဲ့မောင် အချစ်ဇာတ်လမ်း❤️ လူအများရှေ့မှာ ပထမဆုံးသဘောကျရတဲ့ကောင်လေးဆီက ငြင်းခံလိုက်ရတာကြောင့် အချစ်ကိုကြောက်သွားသည့်မဏိစန္ဒာ... အချစ်ကို ပုံစံတွေနဲ့သတ်မှတ်ထားပေမဲ့ မဏိ တစ်ကယ်ချစ်တဲ့သူက သတ်မှတ်ထားတဲ့ပုံစံနဲ့ကွာခြားနေခဲ့တဲ့အခါ...