🌿ကျွန်မချစ်သော...သူ🌿
✨အပိုင်း(၁၁)✨"မဂ်လာပါ ဆရာ..."
"မဂ်လာပါ ထိုင်ကြ...ဒီနေ့ ..."
အတန်းထဲကို ကျောင်းသားတွေမကြည့်မိဘဲ အထဲဝင်လာမိခဲ့တဲ့ ညီညီသော် ဘာစကားမှမပြောနိုင်ဘဲ အရင်ကြည့်နေကျ မီမီသစ်ဆီကို အကြည့်ရောက်သွားတဲ့အခါမှာ ညီညီသော် စကားတွေရပ်တန့်သွားရသည်...
အရင်ပုံစံနဲ့မတူဘဲ ကွဲပြားနေတာကြောင့် စိုက်ကြည့်မိနေတာ တော်တော်ကြာသည်...ပြီးတော့ သူ့ရင်ခုန်သံတွေကလည်း အတိုင်းအဆမဲ့...ခုန်နေသည်...
တခြားကျောင်းသားတွေကလည်း ညီညီသော်ကြည့်ရာ လိုက်ကြည့်လာတာကြောင့် မီမီသစ်မျက်နှာနီရဲလာပြီး ရှက်သွားရသည်...
"ဆရာ..."
"ဟင်..."
ကျောင်းသူတစ်ယောက် ထအော်မှ ညီညီသော်သတိဝင်လာပြီး ခေါင်းကဆံပင်ကို အသာဖွသည်...
"အတန်းခေါင်းဆောင်က ပုံစံပြောင်းထားတာပဲ...ဆရာကမမှတ်မိလို့..."
"ဟုတ်တယ်ဆရာ...."
ညီညီသော်အဲ့လိုပြောလိုက်မှ ကျောင်းသူတွေက တခြားမတွေးကြတော့ပဲ ထောက်ခံကြသည်...
ညီညီသော် မီမီသစ်ဘေးက သူဆီအကြည့်ရောက်သွားတော့ သူ့ကို စိုက်ကြည့်နေတဲ့ဒဏ္ဍာရီကြောင့် သူလည်းပြန်စိုက်ကြည့်ပေးလိုက်သည်...
'ဆရာကို ဒီလိုကြည့်တာ ရိုင်းတဲ့အပြုအမူပဲ ဒဏ္ဍာရီသွေး...'
ဒဏ္ဍာရီက သူ့စကားကို ကြားသည့်အလား မျက်နှာပြန်လွှဲသွားသည်...ဒဏ္ဍာရီစိတ်ထဲမှာလည်း...
'ဘာဆရာလဲ ကျောင်းသူတစ်ယောက်ကို ချစ်မျက်ဝန်းတွေနဲ့ငေးကြည့်နေပြီးတော့ ဆရာလို့ပြောသေးတယ်....'
ညီညီသော် စာသင်ပြီးတော့ နောက်နှစ်ချိန်က ဆီချယ်ဝင်မလာသေးတာကြောင့် သုံးယောက်သား စကားပြောနေကြသည်...
"ဒီည ငါတို့ ကလပ်သွားရအောင်..."
"ကလပ်..."
"အင်း အားလုံး(၁၈)နှစ်ပြည့်ပြီးပြီလေ..."
"ကောင်းမင်းသွားချင်လား..."
"အင်း ငါက ဒဏ္ဍာရီသွားရင်သွားမယ်..."
YOU ARE READING
ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]
Romanceမနဲ့မောင် အချစ်ဇာတ်လမ်း❤️ လူအများရှေ့မှာ ပထမဆုံးသဘောကျရတဲ့ကောင်လေးဆီက ငြင်းခံလိုက်ရတာကြောင့် အချစ်ကိုကြောက်သွားသည့်မဏိစန္ဒာ... အချစ်ကို ပုံစံတွေနဲ့သတ်မှတ်ထားပေမဲ့ မဏိ တစ်ကယ်ချစ်တဲ့သူက သတ်မှတ်ထားတဲ့ပုံစံနဲ့ကွာခြားနေခဲ့တဲ့အခါ...