🌿ကျွန်မချစ်သော...သူ🌿
✨အပိုင်း(၈)✨မဏိကို ကုတင်ပေါ်အသာတင်ပေးရင်း မဏိခြေတောက်ကို အသာမရင်း ဒဏ်ရာကို ကြည့်လိုက်တဲ့ ဒဏ္ဍာရီသွေးကြောင့် မဏိ...မလိုလားစွာ...
"ရတယ် ငါ့ဘာသာ..."
"ဆေးဘူး ဘယ်မှာလဲ..."
"ရတယ် မင်းသွားတော့...ဒီဒဏ်ရာလောက်က ဘာမှမဖြစ်သွားဘူး..."
မဏိရဲ့စကားကြောင့် ဒဏ္ဍာရီဘာမှမပြောတော့ဘဲ ထရပ်လိုက်သည်...
"ဒေါက် ဒေါက်..."
တံခါးခေါက်သံကြောင့် ဖွင့်ပေးလိုက်တော့ စံချိန်ကောင်း...
"ဒီမှာ ဆေးဘူး..."
"ကျေးဇူးကောင်း ဆေးထည့်ပေးပြီးရင် ဆင်းလာခဲ့မယ်...အန်တီကို ငါ...."
"စိတ်ချပါ ငါ မင်းကို ယုံတယ်...မာမီလည်းယုံမယ်ဆိုတာ သေချာတယ်..."
"အင်း..."
ဒဏ္ဍာရီ တံခါးပြန်ပိတ်ပြီး မဏိအနားကိုရောက်လာတော့ ကုတင်ပေါ်ကဆင်းပြီး ဒဏ္ဍာရီနားကိုလျှောက်လာတဲ့ မဏိ...
"ထိခိုက်မိထားတယ် ဆေးအရင်ထည့်ပေးမယ် ပြီးရင် ထွက်သွားမှာ..."
"မင်းကို ယုံလို့ရလား..."
"ကျွန်တော်က ပြောရင် ပြောတဲ့အတိုင်းလုပ်တတ်တယ်..."
"သိတယ်..."
"ဒါဆို ပြန်ထိုင်..."
မဏိခြေတောက်က ထောက်လိုက်တဲ့အရှိန်ကြောင့် တစ်ကယ်ပင်နာလာတာကြောင့် ပြန်ထိုင်လိုက်သည်...
"အရက်ပြန်နဲ့အရင်ဆေးမယ်..."
"အား...."
ဒဏ္ဍာရီကပြောလဲပြော မဏိရဲ့ခြေဖဝါးကို အရက်ပြန်နဲ့တို့လိုက်တာကြောင့် မဏိစပ်သွားရပြီး အော်လိုက်မိသည်...
"ဆောရီး..."
ဒဏ္ဍာရီက တောင်းပန်ပြီး ဆက်မတို့တော့ဘဲ ဆေးထည့်ပေးကာ စည်းထားပေးလိုက်သည်...
"ရပြီ အခုဘေးနားမှာ ထိခိုက်မိတာတွေမရှိတော့ဘူး အေးအေးဆေးဆေး အဲ့ဒီလူအကြောင်းတွေးနေလို့ရပြီ..."
YOU ARE READING
ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]
Romanceမနဲ့မောင် အချစ်ဇာတ်လမ်း❤️ လူအများရှေ့မှာ ပထမဆုံးသဘောကျရတဲ့ကောင်လေးဆီက ငြင်းခံလိုက်ရတာကြောင့် အချစ်ကိုကြောက်သွားသည့်မဏိစန္ဒာ... အချစ်ကို ပုံစံတွေနဲ့သတ်မှတ်ထားပေမဲ့ မဏိ တစ်ကယ်ချစ်တဲ့သူက သတ်မှတ်ထားတဲ့ပုံစံနဲ့ကွာခြားနေခဲ့တဲ့အခါ...